နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် ကျင်းပသည့် International Conference of Emergency Medicine 2023 သို့ NUG ကျန်းမာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဥက္ကာ တက်ရောက်ဆွေးနွေး
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၆) ရက်
ဇွန်လ (၁၃) ရက်နေ့က နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တွင် ကျင်းပခဲ့သည့် International Conference of Emergency Medicine 2023 သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဥက္ကာ တက်ရောက်၍ မြန်မာနိုင်ငံ၏ အရေးပေါ်ဆေးကုသမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ/ဆေးခန်းများအား အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်ဖျက်ဆီးနေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတကာမှ အရေးပေါ်ကျန်းမာရေး ဆေးပညာရှင်များက မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၌ မြေပြင်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးအဖွဲ့အစည်းများထံ လိုအပ်သော ဆေးဝါးအထောက်အပံ့နှင့် နည်းပညာအကူအညီများ ပေးပို့ကူညီဆောင်ရွက်သွားမည်ဟု အားပေးဆွေးနွေးခဲ့ကြပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ








Published on: 18 June 2023
Last updated: 18 June 2023