သင့်အိမ်တွင် ကို​ဗစ်-၁၉ သံသယလူနာ (သို့မဟုတ်) အတည်ပြုလူနာ ရှိခဲ့လျှင်

1. လူနာကို သီးခြားနေစေခြင်း - သီးသန့်အခန်း (သို့မဟုတ်) သီးခြားနေရာတစ်ခု ပြင်ဆင်ထားရှိပါ။ အခြားအိမ်သားများနှင့် ခပ်ဝေးဝေးမှာ ထားရှိပါ။လေဝင်လေထွက် ကောင်းမွန်စေရန် ပြတင်းတံခါးများကို မကြာခဏ ဖွင့်ထားပါ။

2. ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချခြင်း အတူနေမိသားစုထဲမှ လူနာကို အနီးကပ်ပြုစုမည့်သူကို ရွေးချယ်ပါ (နာတာရှည်ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နှင့် အပြင်သို့ မကြာခဏထွက်သူ မဖြစ်စေရ)။ - လူနာနှင့် တစ်ခန်းတည်းတွင် ရှိနေပါက ခွဲစိတ်ခန်းသုံး Mask ကို သေချာတပ်ထားပါ။လူနာအတွက် ဇွန်း၊ ပန်းကန်ခွက်ယောက်များ၊ အိပ်ယာခင်း၊ စောင်နှင့် ခေါင်းအုံးများကို သီးခြားသတ်မှတ်ပေးပါ။လူနာ ကိုင်တွယ်ထိတွေ့လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များကို မကြာခဏ ပိုးသတ်သန့်စင်ပါ။

3. လူနာကို ပြုစုခြင်း လူနာ၏ ရောဂါလက္ခဏာများကို ပုံမှန်ဆန်းစစ်ပါ။ ရောဂါ ပြင်းထန်စွာ ခံစားရနိုင်ခြေရှိသော လူနာများ (နာတာရှည်ရောဂါအခံရှိသူ၊ သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်) ကို အထူးဂရုစိုက် စောင့်ရှောက်ပါ။ လူနာကို ကောင်းမွန်စွာ အနားယူစေပြီး ရေဓာတ်ပြည့်ဝနေစေရန် ဂရုပြုပါ။

လူနာတွင် အောက်ပါအန္တရာယ်လက္ခဏာများအနက် တစ်ခုခု ခံစားရပါက နီးစပ်ရာဆရာဝန် (သို့မဟုတ်) ဆေးခန်းသို့ ဆက်သွယ်ပါ။

(က) အသက်ရှူရခက်ခဲခြင်း၊

(ခ) စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊

(ဂ) စကား မပြောနိုင်ခြင်း/ လှုပ်ရှားမှု မရှိခြင်း၊

(ဃ) ရင်ဘတ်အောင့်ခြင်

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၅ ဂျုလိုင် ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၅ ဂျုလိုင်၂၀၂၁