အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ (International Nurses Day 2022)
(၂၀၂၂) ခုနှစ်၊ မေလ (၁၂) ရက်နေ့
Nurses: A Voice to Lead – Invest in Nursing and respect rights to secure global health.
ကမ္ဘာ့လူထု ကျန်းမာမှု၊ လုံခြုံစိတ်ချ တို့ရှေးရှု၊ လေးစားမှုနဲ့ ပြုစုတာ၊ သူနာပြုများ ဦးဆောင်မှာ
ကိုယ်ကျိုးမဖက်ဘဲ လူသားများ၏ ကျန်းမာရေးကို စောင့်ရှောက်ကူညီပေးနေသော ကမ္ဘာပေါ်ရှိ သူနာပြု စုစုပေါင်း (၂၈) သန်းကျော်ကို အသိအမှတ်ပြုရန်နှင့် ကမ္ဘာ့ဒေသအသီးသီးရှိ ကပ်ရောဂါဖြစ်ပွားရာဒေသ၊ စစ်ဖြစ်ပွားရာဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် သူနာပြုများ၏ ကိုယ်ကျိုးစွန့် အနစ်နာခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ပိုမိုမီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်၍ ယခုနှစ် မေလ (၁၂) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ကို ကျင်းပရခြင်းဖြစ်ပါသည်။
“ကမ္ဘာ့လူထု ကျန်းမာမှု၊ လုံခြုံစိတ်ချ တို့ရှေးရှု၊ လေးစားမှုနဲ့ ပြုစုတာ၊ သူနာပြုများ ဦးဆောင်မှာ” ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ဒေသအသီးသီးရှိ ကျန်းမာရေးစနစ်များ ပိုမို အားကောင်းလာစေရေးအတွက် သူနာပြုများအပေါ် ကာကွယ်ပေးမှု၊ ပံ့ပိုးကူညီမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ အလေးပေးဆောင်ရွက်ကြရန် အပြည်ပြည်ဆိုင်ရာ သူနာပြုများကောင်စီ (The International Council of Nurses – ICN) က တိုက်တွန်းထားပါသည်။
မှီငြမ်း
https://www.icn.ch/what-we-do/campaigns/international-nurses-day
ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၁၂ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၂ မေ ၂၀၂၂