တယ်လီကျန်းမာ ဆေးခန်းမိတ်ဆက်

မင်္ဂလာပါ …တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှ ကြိုဆိုပါတယ်။
* NUG MOH တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းတွင် တယ်လီကျန်းမာ Messenger Bot (https://m.me/telehealthmm) မှတစ်ဆင့် ကုသမှုခံယူနိုင်ကြောင်း ထပ်မံအသိပေးအပ်ပါသည်*
ပြ​ည်တွင်းရှိ ပြည်သူလူထုများသာမက ပြည်ပရောက် မြန်မာနိုင်ငံသားများပါ လွယ်လင့်တကူ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်စေရန် တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လက စတင်ဖွင့်လှစ်ခဲ့ပါသည်။
စတင်ဖွင့်လှစ်ချိန်မှစ၍ ယခုအချိန်ထိ တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းများနှင့် COVID-19 ရောဂါကုသဆေးခန်းများတွင် လာရောက်ပြသခဲ့သော လူနာပေါင်း (၇) သောင်းကျော် ရှိခဲ့ပြီး လူနာများ ဆေးကုမှု အဆင်ပြေစေရန် တယ်လီကျန်းမာ ဝိုင်းတော်သားများက အစဉ်တစိုက် ဆက်လက်ကြိုးပမ်းလျက်ရှိပါသည်။
ပြည်သူများအတွက် တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းများကို နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။
အထွေထွေရောဂါကု ဆရာဝန်များ၊ အထူးကုဆရာဝန်ကြီးများက အလှည့်ကျ ကုသမှုပေးလျက်ရှိပြီး အထူးကုရောဂါအမျိုးအစား (၁၈) မျိုးအထိ ကုသမှုခံယူနိုင်ပြီဖြစ်ပါသည်။
 အခမဲ့ ကုသပေးသော ဆေးခန်းများ ဖြစ်ပါသည် 
* တယ်လီကျန်းမာ Messenger Bot  (https://m.me/telehealthmm) ကို အသုံးပြုပြီး အခုပဲ ကုသမှုခံယူလိုက်ပါ *
မှတ်ချက်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ Website ရှိ တယ်လီကျန်းမာ စာမျက်နှာ (https://moh.nugmyanmar.org/telehealth/) မှတစ်ဆင့်လည်း တယ်လီကျန်းမာ Messenger Bot သို့ ဝင်ရောက်နိုင်ရန် စီစဉ်ထားရှိပါသည်။
 MOH တယ်လီကျန်းမာ ….. လူတိုင်းအတွက်ပါ 

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

 ထုတ်ဝေသည့်နေ့စွဲ -- ၂၈ အောက်တိုဘာ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၈ အောက်တိုဘာ ၂၀၂၁