နွေဦးဆေးခန်း (Nway Oo Clinic)
ဆေးခန်းပြရင်း တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်နိုင်မယ့် အစီအစဉ်
တိုင်ပင်ဆွေးနွေးနိုင်မည့် ရောဂါများ
– အရိုး၊ အရွတ်၊ အကြောအဆစ်၊ ကြွက်သားဆိုင်ရာ ရောဂါများ
– ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆိုင်ရာ ရောဂါများ
ဆေးခန်းထိုင်မည့် ဆရာဝန်ကြီးများ
၁။ အရိုးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး
( ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ )
၂။ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင်
( အထူးအကြံပေး၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ )
အထူးကုပါမောက္ခဆရာဝန်ကြီးများနဲ့ အွန်လိုင်းမှတစ်ဆင့် တိုင်ပင်ဆွေးနွေးနိုင်မှာ ဖြစ်တဲ့အပြင် ဆေးခန်းပြရင်း တော်လှန်ရေးရန်ပုံငွေကိုပါ တစ်ပါတည်း ထည့်ဝင်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။
နွေဦးဆေးခန်း (Nway Oo Clinic) ရဲ့ Website လိပ်စာကတော့ ( https://nwayooclinic.com/ ) ဖြစ်ပါတယ်။
ဆေးခန်းပြသဖို့ လိုအပ်တဲ့လုပ်ဆောင်ချက်တွေကို ရှင်းပြပေးမယ့် ပိုစ့်နဲ့ ရုပ်သံဖိုင်များ မကြာမီတင်ပေးသွားမှာဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ပက်သက်တဲ့ ဗဟုသုတအဖြာဖြာကိုလည်း ဝေမျှပေးသွားမှာဖြစ်လို့ page လေးကို Like & Follow လေးလုပ်ထားပေးကြပါနော်
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၁၁ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၁ မေ ၂၀၂၂