ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိသူအတွက် လက္ခဏာစတင် ပေါ်ပေါက်သည့်နေ့မှစ၍ (၁၀) ရက်တိတိ သီးခြားနေထိုင်ရန် လိုအပ်ပါသည်။
လက္ခဏာရှိသူ၏ မိသားစုဝင် (သို့မဟုတ်) လက္ခဏာရှိသူနှင့် ထိတွေ့ထားသူအတွက် လက္ခဏာမပြသေးသော်လည်း (၁၀) ရက် သီးခြားနေထိုင်ရပါမည်။ ထိုရက်များအတွင်း လက္ခဏာပေါ်ပေါက်လာပါက ပေါ်လာသည့်နေ့ရက်မှ စတင်၍ (၁၀) ရက် သီးခြားနေထိုင်ရန် လိုအပ်ပါသည်။
သီးခြားနေထိုင်ခြင်းကို ဒေသအလိုက် သတ်မှတ်ထားသော ကိုဗစ်ထိန်းချုပ်ရေးစင်တာနှင့် လူထုအခြေပြုစင်တာ (သို့မဟုတ်) မိမိနေအိမ်ရှိ သီးခြားအခန်းတစ်ခုတွင် ပြုလုပ်နိုင်ပါသည်။
သီးခြားနေထိုင်နေစဉ်အတွင်း ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာပါက ဆေးကုသရေးဌာနများသို့ သွားရောက်ဆေးကုသမှု ခံယူရမည်။
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ -- ၅ ဂျုလိုင် ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၅ ဂျုလိုင်၂၀၂၁