ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis – JE)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာအနေဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းကြောင်း ကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases VPDs)

၉။ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis – JE)

ဂျပန်ဦးနှောက်ရောင်ရောဂါဆိုသည်မှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော ရောဂါတစ်မျိုး ဖြစ်သည်။ အာရှတိုက်နိုင်ငံများ၊ ပစိဖိတ်ကျွန်းအချို့နှင့် ဩစတေးလျမြောက်ပိုင်းနေရာ အနည်းငယ်တွင် တွေ့ရသည်။ အစဉ်အလာအားဖြင့် ကလေးများတွင် ဖြစ်တတ်သောရောဂါအဖြစ် စဉ်းစားခဲ့ကြသော်လည်း လူထု၏ ခုခံကာကွယ်နိုင်စွမ်းအားမရှိသေးသည့် ယခင်က ရောဂါမဖြစ်ဘူးသေးသော နေရာဒေသအသစ်များတွင် ဗိုင်းရပ်စ်ပိုး စတင်ဝင်ရောက်သောအခါ ဂျပန်ဦးနှောက်ရောင်ရောဂါသည် အသက်အရွယ်အားလုံးတွင် ဖြစ်ပွားနိုင်ပါသည်။

👉 ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ခြင်း

ဂျပန်ဦးနှောက်ရောင်ရောဂါပိုးသည် ခြင်များမှတစ်ဆင့်ကူးစက်ပျံ့နှံ့ပါသည်။ ငှက်များနှင့် အိမ်မွေးတိရစ္ဆာန်များ၊ အထူးသဖြင့် ရေတိမ်တွင် ကျက်စားသော ခြေတံရှည်ငှက်များ၊ ဝက်များသည် ရောဂါပိုး သိုလှောင်ရာဌာနများ ဖြစ်သည်။ ရောဂါပိုးဝင်နေသော တိရစ္ဆာန်တစ်ကောင်ကို ကိုက်မိသောခြင်သည် လူတစ်ယောက်ကို ကိုက်သောအခါ လူတွင်ရောဂါဖြစ်ပွားစေနိုင်ပါသည်။ သမပိုင်းရာသီဥတုဒေသများတွင် ပူနွေးသောရာသီအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါမကြာခဏ ဖြစ်ပွားလေ့ရှိပါသည်။ အပူပိုင်းဒေသများတွင် မိုးရာသီနှင့် နောက်ပိုင်းကာလအတွင်း အများဆုံး ဖြစ်ပွားတတ်သည်။ ဆည်မြောင်းရေသွင်းစိုက်ပျိုးသော နေရာများတွင် ခြင်ပေါက်ပွားခြင်းကြောင့် တစ်နှစ်ပတ်လုံး ရောဂါကူးစက်စေနိုင်ပါသည်။ ရောဂါဖြစ်ပွားမှုပုံစံများ ပြောင်းလဲလာသော်လည်း ကျေးလက်ဒေသနေလူထုများ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးသော လူများတွင် အန္တရာယ်အရှိဆုံး ဖြစ်ပါသည်။

👉 ဂျပန်ဦးနှောက်ရောင်ရောဂါ၏ လက္ခဏာများ

ရောဂါပိုးကူးစက်ခံရသူအများစုသည် သာမန်လက္ခဏာများသာဖြစ်ခြင်း (သို့မဟုတ်) မည်သည့်ရောဂါလက္ခဏာမျှ မဖြစ်ခြင်းများ ဖြစ်နိုင်ပါသည်။ ပျမ်းမျှအားဖြင့် ရောဂါပိုးကူးစက်ခံရသူ ၂၅ဝ ဦးတွင် တစ်ဦးသာ ရောဂါလက္ခဏာများ ရှိကြပါသည်။ ရောဂါပိုး ဝင်ရောက်ပြီး ၄ ရက်မှ ၁၄ ရက်ကြာသောအခါ တုတ်ကွေးရောဂါနှင့်တူသည့် လက္ခဏာများဖြစ်သော လတ်တလောဖျားခြင်း၊ ချမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ ပျို့ခြင်းနှင့် အန်ခြင်းများ ဖြစ်တတ်သည်။ ကလေးများတွင် ရောဂါဖြစ်ပွားမှုအစပိုင်း၌ ဗိုက်နာခြင်းသည် ထင်ရှားသော လက္ခဏာဖြစ်သည်။ သုံးလေးရက်ကြာသောအခါ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း ပေါ်ပေါက်လာမည်။ အများအားဖြင့် ကလေးများတွင် တက်ခြင်းဖြစ်နိုင်သည်။

👉 ဂျပန်ဦးနှောက်ရောင်ရောဂါ၏ နောက်ဆက်တွဲပြဿနာများ

ရောဂါဖြစ်ပွားသူ ၂ဝ မှ ၃ဝ ရာခိုင်နှုန်းသည် သေဆုံးနိုင်သည်။ အသက်ငယ်ရွယ်သော ၁ဝ နှစ်အောက် ကလေးများတွင် ပြင်းထန်သောရောဂါဖြစ်ပွားမှု အန္တရာယ်မြင့်မားပြီး သေဆုံးနှုန်း များပါသည်။ အသက်ရှင်ကျန်ရစ်သူများ၏ ၃၀ မှ ၅၀ ရာခိုင်နှုန်းတွင် ဦးနှောက်ချွတ်ယွင်းခြင်းနှင့် အကြောသေခြင်းများ ဖြစ်ပွားနိုင်သည်။

👉 ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန်နည်းလမ်းများ

ကာကွယ်ဆေးထိုးနှံပေးခြင်းသည် တစ်ခုတည်းသော အရေးကြီးဆုံးကာကွယ်နှိမ်နင်းရေး နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ပျံ့နှံ့ခြင်းကို ထိန်းချုပ်နိုင်သည့် ထိရောက်သော ပတ်ဝန်းကျင်ကန့်သတ်ထိန်းချုပ်ခြင်း နည်းလမ်းမရှိပါ။ လူမှုရေးစီးပွားရေး တိုးတက်ကောင်းမွန်စေခြင်း၊ လယ်ယာစိုက်ပျိုးရေးနည်းလမ်းများ ပြုပြင်ပြောင်းလဲခြင်းများသည် အချို့ဒေသများတွင် ကူးစက်ပျံ့နှံ့ခြင်းကို လျှော့ချနိုင်ဖွယ် ရှိပါသည်။ ရောဂါဖြစ်ပွားနိုင်သည့် လူအုပ်စုများကို ထိရောက်ပြီး တန်ဖိုးသက်သာသည့် ကာကွယ်ဆေးများဖြင့် ကြီးမားကျယ်ပြန့်သော အတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ကျသော ထိန်းချုပ်နိုင်သည့် နည်းလမ်းဖြစ်ပါသည်။ (အနိမ့်ဆုံးအနေဖြင့် ရေတိုကာလအတွက်)။ ဂျပန်ဦးနှောက်ရောင်ရောဂါပိုး သယ်ဆောင်သော ခြင်များသည် ညနေစောင်း နေဝင်ရီတရောတွင် ကိုက်တတ်သောကြောင့် ကလေးငယ်များအား ခြင်ထောင်ဖြင့် အိပ်စေခြင်းသည် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ဖွယ်ရှိပါမည်။

👉 ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ဆိုသည်မှာ အဘယ်နည်း

ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်နိုင်သော ကာကွယ်ဆေး လေးမျိုးရှိပါသည်။ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်နေသော နေရာဒေသအားလုံးတွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံပေးသင့်ပါသည်။

🔴 ဂျပန်ဦးနှောက်ရောင်ရောဂါ၏အဓိကအချက်များ

⭐ ဂျပန်ဦးနှောက်ရောင်ရောဂါကို အာရှတိုက်နိုင်ငံများ၊ ပစိဖိတ်ကျွန်းအချို့နှင့် ဩစတေးလျမြောက်ပိုင်း နေရာအနည်းငယ်တွင် တွေ့ရသည်။
⭐ ရောဂါပိုးသယ်ဆောင်သော ခြင်မှတစ်ဆင့် ကူးစက်သည်။
⭐ သမနွေးပိုင်းဒေသများအတွင်း ပူနွေးသောရာသီ၌ ဖြစ်ပွားသည်။ အပူပိုင်းဒေသများတွင် မိုးရာသီကာလ၌ အများဆုံးဖြစ်ပွားတတ်သည်။ သို့သော် တစ်နှစ်ပတ်လုံးဖြစ်တတ်သည်။
⭐ ရောဂါစတင်ပြီးနောက် ဦးနှောက်ရောင်ခြင်း ဖြစ်စေပါသည်။ အလွန်ဆိုးရွာသော အခြေအနေ ဖြစ်ပါသည်။ ဦးနှောက်ရောင်သူ ၂ဝ မှ ၃ဝ ရာခိုင်နှုန်းသည် အသက်သေဆုံးနိုင်ပါသည်။ အကြောသေခြင်းနှင့် ဦးနှောက်ပျက်စီးခြင်းများ ဖြစ်စေနိုင်ပါသည်။
⭐ ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် ကုသရန် တိကျသော ဆေးမရှိပါ။
⭐ ကာကွယ်ဆေးထိုးခြင်းသည်သာ တစ်ခုတည်းသော အရေးပါဆုံး ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းတစ်ခု ဖြစ်ပါသည်။

Source:
ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန် ၂၀၂၂ (NUG, MOH)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02V8izYCZD69Y5qsE69vnCz7YeGQCSkKJZaLv42LdfxvGLX9sC1djczrEgXeSTPShtl

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (ဇန်နဝါရီလ၊ ၂၀၂၃ ခုနှစ်)

ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများ (Vaccine-Preventable Diseases – VPDs)

၁။ ဆုံဆို့နာရောဂါ (Diphtheria) https://www.facebook.com/MoHNUGMyanmar/posts/pfbid0oCNuFcdNNYotmjCVuUYiCe9qHf8akU8DJ1BQUtPxcb1kPCmedFoHUd6F5HczPHQdl

၂။ ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough or pertussis)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02NHRFL8UDX7WMi8tWPTosygRdbaNbLxW2p5ogrZRFYD48gp6CrXvSkj28PJz9yqyzl

၃။ ပိုလီယိုအကြောသေရောဂါ (Poliomyelitis)
https://web.facebook.com/MoHNUGMyanmar/posts/pfbid02NgboWKcPGL83euMob1uTSfg1vmL4JMeGLeGsRpZqH18K9TaAVgingrK4sg6JSH4Jl

၄။ ဝက်သက်ရောဂါ (Measles)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02cLvYfnyD985nJrpRmeFx5QzSVFDiCJwNo2QZQjYFf32aNsWhQxvw4CXErpzxgBtMl

၅။ ရိုတာဗိုင်းရပ်စ် ဝမ်းလျှောဝမ်းပျက်ရောဂါ (Rotavirus Diarrhoea)
https://www.facebook.com/MoHNUGMyanmar/posts/pfbid035n1oTAVmMKvE85KMtZ8ptGssn7V1ZBmkuLMLPg4LXraARVjdqXEujRpdbp7P54VFl

၆။ မေးခိုင်ရောဂါ (Tetanus)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0yk17gtnZGjUvDRRH5PuDCEuGCCwVbKogJbr4TfpnsGDsPUis1bEFeyhgTBCkcWEKl

၇။ အသည်းရောင်အသားဝါ ဘီ ရောဂါ (Hepatitis B)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0osdzW1B9Sa5iHX9LZBYK7vAzP8vdNbRcsQuwgpdSm8UkPyfcCjDQXnCwfQhLz5i4l

၈။ Haemophilus influenzae type b (Hib) ရောဂါ
https://www.facebook.com/MoHNUGMyanmar/posts/pfbid02so8az7TkGmGhqAdvJVAoXwP7YaLpvRy7im6K2BwDXtQ9gy7krqy1eiYbZTiQQzE6l

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

(ဇန်နဝါရီလ၊ ၂၀၂၃ ခုနှစ်)

#nugmoh #VPD #JapaneseEncephalitis #JE #ဂျပန်ဦးနှောက်ရောင်

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 8 January 2023
Last Updated: 8 January 2023