ကိုဘိုကေနဲ့ ယောက်ဖအူကျလို့ မျက်နှာပူရခြင်း
လမ်းထိပ်စတိုးဆိုင်က ကော်ဖီထုပ် ထွက်၀ယ်ပြီးအပြန် အိမ်ရှေ့မှာပဲ မဒမ်ကေ ဖုန်းပြောလျက် ထွက်လာတယ်…။
“ခဏကိုင်ထားဦး ညီမလေးရေ ညည်းအကို ပြန်လာပြီ…..သူ့ပြောပြလိုက်….သူကမှ ပိုသိ မှာ.အေး …အေး ရော့ ရော့ မိုးပွင့်ဆီက ဖုန်း”
ပြောပြောဆိုဆို မဒမ်ကေက ဖုန်းကို လက်ထဲထိုးထည့်သွားတယ်…..။
မိုးပွင့်ဆိုတာ ကိုဘိုကေညီမ၀မ်းကွဲ….အရင်းထက်တောင်ချစ်ကြ။ ပြောမနာ ဆိုမနာ…ရန်ကုန်မှာ အာဏာအသိမ်းခံရပြီး အထွေထွေအကျပ်အတည်းတွေကြောင့် သူတို့က သူ့ယောကျ်ားလေးဇာတိ နယ်မြို့လေးမှာ ခေတ္တခဏ ပြန်နေကြခြင်းဖြစ်ပါတယ်….။
“အေး……..မိုးပွင့် ..ညီမလေး ပြော”
“ကိုကြီးရေ နေကောင်းလား..ဒီလို…ကိုကြီးရေ မရိုသေ့စကား အကို့ယောက်ဖက အူကျတယ် ဆို လား..ဘာလား အဲ့ဒါဖြစ်နေတာ”
“ဟ…အဲဒါ ဆရာ၀န်နဲ့ပြပေါ့……..ငါ့ လာပြောနေရ..ငါက ဘာလုပ်ပေးရမှာတုန်း”
“မဟုတ်ဘူးလေ ကိုကြီးရာ…ကိုကြီးရောဖြစ်ဖူးလား ဘယ်လိုကုရမလဲ…ကုရင်ရော..စားရိတ်စက ဘယ်လောက်ကုန်မတုန်း….ညီမတို့မှာက ခုချိန် သိပ်ပြေတာ မဟုတ်ဘူး”
“နင်တို့ကလည်း ကြွားနေပြန်ပီ။ ဟေ့အေး ငါတော့ မဖြစ်ဖူးဘူး”
“အကို့ညီဖြစ်တာ နှစ်ရက် သုံးရက်တော့ ရှိပြီ။ အရမ်းကြီးမဖြစ်ခင် ကြိုတင်မေးမြန်းထားရတာ”
“တခုတော့ရှိတယ်ဟ။ ငါတို့လင်မယားပြဖူးတဲ့ အခမဲ့အွန်လိုင်းဆေးခန်းမှာတော့ မေးမြန်းကြည့် ရမှာပေါ့”
“ဘယ်လို အကို အခမဲ့ဆေးခန်းဟုတ်လား”
“ဟုတ်တယ်…တယ်လီကျန်းမာဆိုတဲ့ပေ့မှာ Like လေးလုပ် မက်စင်ဂျာမှာ ဟိုင်းထားလိုက်… နင့်ကို ငါ ချက်ဘောက်ကနေ လင့်ပို့ထားမယ်”
“သူတို့(တယ်လီကျန်းမာ)က ကိုဗစ်တို့ နှလုံးသွေးတိုး ဖျားနာလောက်ပဲကုတာဆို ဘယ်လို လုပ်မလဲ ကိုကြီး….ညီမလေးတို့က….အူကျတာ ပြမှာဆိုတော့လေ”
“အထွေထွေရောဂါ ပြလို့ရပါတယ်ဟ….ဟိုနေ့ကတောင် အူကျခြင်းဆိုင်ရာ ဆောင်းပါးတပုဒ် ဖတ်လိုက်ရသေးတယ်…အူကျတာဘာမှမဆန်းဘူး..အွန်လိုင်းကနေ ခွဲစိတ်လို့မရဘူးဆိုပေမယ့် လိုအပ်တာ ဆောင်ရန် ရှောင်ရန်နဲ့ ခွဲစိတ်တဲ့အကြောင်း သေချာရှင်းပြလိမ့်မယ်…နင့်ယောကျ်ားအကောင့်နဲ့ဆက်သွယ်ပြီး အကျိုးအကြောင်း ပြောပြခိုင်းလိုက်…. လုပ်နည်းလုပ်ဟန်လေးတွေသာ နင်က ပြောပြလိုက် ညီမလေး…အိုကေပါတယ်”
“ဟုတ် ဟုတ် ကိုကြီး မအိုကေရင်လည်း အကိုကြီးလှမ်းမေးမှာပဲ..ကိုကြီးညီက ခုကို ဘေးနားမှာ မျက်နှာက မဲ့ရှုံ့နေပြီ”
“အဲ့ဒါဆို အကိုပြောတဲ့ တယ်လီကျန်းမာရဲ့ မက်စင်ဂျာကနေ လှမ်းဟိုင်းပြီး ဆေးခန်းပြ ဘိုကင် တင်တဲ့ လင့်နှိပ်ပြီး ဒီနေ့ပဲ ပြလိုက်ကြလေ…မနက်၈ ည၈ ပိတ်ရက်မရှိ..”
“ဟုတ် ကိုကြီး အခုပဲဖုန်းချပြီး ပြလိုက်မယ်လေနော်…ကိုကြီးနဲ့အမလည်း ရန်ကုန်မှာ ဂရုစိုက်သွား လာဦး..ခွေးတွေလက်ထက် မှားလည်းခံ မှန်လည်းခံဆိုတော့လေ…တခုခုဆို ညီမတို့ဆီ လာနေ ကြ……ရန်ကုန်ထက်စာရင် နည်းနည်းတော့ဘေးကင်းတာပေါ့”
“ဟားဟား..အေးပါ အေးပါ ဖုန်းထဲက နိုင်ငံရေး သိပ်မပြောနဲ့ သိတဲ့အတိုင်း …ဖုန်းလိုင်းတွေက လုံခြုံတာမဟုတ်ဘူး…အေးပါ နေလို့မရတော့ရင်တော့ နင်တို့ဆီပြေးလာရမှာပေါ့.. တယ်လီ ကျန်းမာပြမယ့်ဟာ တခုခု အဆင်မပြေ၊ မလုပ်တတ်ရင် အကို့ဆီဖုန်းပြန်ဆက်လေ ဒါပဲ ဒါပဲ”
The End
…………………..
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
Published on: 6 September 2022
Last Updated: 6 September 2022