” ကိုဘိုကေနဲ့တယ်လီကျန်းမာ ” အပိုင်း (၁)
===============================
အာဏာသိမ်းခံရပြီး ရန်ကုန်မှာ ကိုဘိုကေတယောက် လုပ်ကိုင်စားသောက်ရတာ အဆင်မပြေ….
နေ့စဉ်တက်နေတဲ့ကုန်ဈေးနှုန်းတွေကြားမှာ သားသမီးမရှိတဲ့ကိုဘိုကေတို့က ဇနီးမောင်နှံနှစ်ယောက်တည်းဆိုတော့ ရန်ကုန်မှာ သူများတွေလောက်တော့ ခါးခါးသီးသီးဒုက္ခမရောက်ကြပေ။
ခေါင်းချစရာတခု အလွန်ခက်ခဲတဲ့ရန်ကုန်လိုနေရာမျိုးမှာ အိမ်လခဆိုတဲ့အပူမီးတခုဟာ အိမ်ပိုင်မရှိ အိမ်ငှားနေသူတွေအဖို့ တကယ့်ဒုက္ခကြီးတခု။ နယ်ဇာတိ ကိုဘိုကေ့မိတ်ဆွေမိသားစုတွေဆို ရန်ကုန်စား၀တ်နေရေး ၊ အလုပ်အကိုင်ရှားပါးမှု ၊ နေထိုင်မှုစရိတ်တွေကြောင့် ရန်ကုန်ကိုစွန့်ခွာကြကုန်ပြီ…………….
နေဖို့ စားဖို့ စရိတ်တွေနဲ့ လည်ပင်းနစ်နေတဲ့မိသားစုဝင်တွေအဖို့ မကျန်းမာလို့ဆိုရင်တောင် ဆေးရုံဆေးခန်းဝေး ။ မိုးမိညောင်းညာ ကိုက်ခဲကိုယ်ပူလောက်ကတော့ လမ်းထိပ်ဆေးဆိုင် အကိုက်အခဲ ပျောက်ဆေး တလုံးလောက်ဝယ်သောက်ရုံ…
အိပ်ရာထဲလည်း ကြာကြာမနေနိုင်ကြပါဘူး။အမှောင်ခေတ်မှာ စားဝတ်နေရေးဟာ အိမ်ရှိလူကုန်မျက်စိနားတွေ စွင့်ထားရတယ်လေ။
ကိုဘိုကေကတော့ မိန်းမကုမ္ပဏီလုပ်စာလေးနဲ့ အိမ်အလုပ်ကလေးလုပ်လိုက် အလုပ်အကိုင် သတင်းလေးတွေနားစွင့်လိုက် လုပ်နေရင်း……
မိန်းမမီးဖိုချောင်ဝင်ကူချက်ရင်း တရက်နှစ်ရက်လောက် ဘယ်ဖက်လက်မောင်းရင်းက ကိုက်ကိုက်နေလို့ လိမ်းဆေး လိမ်းရင်း ဆေးခန်းပြရင်ကုန်မယ့်ပိုက်ဆံအတွက် ခေါင်းစားနေတယ် ။ ဟုတ်တယ်လေ Tea ဖိုးတောင်အနိုင်နိုင် ။
—————————————————-
တရက် မိန်းမလည်း ကုမ္ပဏီကပြန်မလာသေးတော့ ကိုဘိုကေတယောက် အိမ်တံခါးပိတ်ပြီး လမ်းထိပ် လက်ဖက်ရည်ဆိုင်ဘက် စက်ဘီးလေးစီးထွက်ခဲ့တယ် ။
ထင်တဲ့အတိုင်းပဲ ဆိုင်ထဲမှာ သူငယ်ချင်းဖြစ်သူ မဲလုံး ဖုန်းကို ခေါင်းငုံ့ပွတ်နေတယ် ။ သူရောက်တော့ ခေါင်းမော့တချက်လှမ်းကြည့်ကာ နှာခေါင်းရှုံ့သွားပြီး…
“ဘဲကြီး ခင်ဗျားဆီက ဘာနံ့တွေ နံနေတာတုန်း”
“ဆေးပူ လူးလာတာပါကွာ လက်မောင်းရင်းနားက မျက်သလိုလိုဖြစ်နေလို့”
“အရွတ်ရောင်တာ ဖြစ်နေအုံးမယ် ဘဲကြီး ဆေးခန်းပြလေ”
“ဒီလိုအချိန် ညမနက်တီးတောင်တခွက်ပဲဆွဲရမလိုကာလကြီး မင့်မေကလွှား ဒါ (လက်ညိုးလက်မဝိုင်းပြ) မရှိဘူးကွ”
“ခဏနေအုံးဗျ ဟိုနေ့က လိုင်းပေါ်မှာတွေ့လိုက်တဲ့ အခမဲ့ဆေးခန်းဆိုလား ဘာတဲ့ ပေ့နာမည်က တယ်လီကျန်းမာလားမသိ အခမဲ့ ဆရာဝန်တွေနဲ့ ကုလို့ရတယ်တဲ့ဗျ…..နေအုံး ရိုက်ရှာကြည့်လိုက်အုံးမယ်”
“မင့်ဟာကလည်းကွာ အာဘင်တွေဖြစ်နေအုံးမယ်”
“ခင်ဗျားက ခေါင်းသုံးဆို ဂျွမ်းတွေလှမ့်ထိုးနေတာ ၊ စာဖတ်ဆို လုလုအောင်ပိုစ့် ကောမန့်တွေ ဖတ်နေပြီး”
“သတင်းတွေလည်း ဖတ်ပါတယ်ကွ ဟုတ်ပါပြီ မင့်ဟာက ရှာတွေ့ပြီလား”
“လိုင်းကကျ…..ခဏ ခဏ…ရပြီ ဒီပေ့ချ်ပဲ။ တယ်လီကျန်းမာတဲ့။ PAGEပေ့ကိုလိုက်လုပ်ပြီး မက်စင်ဂျာမှာ ဟိုင်းလုပ်ပြီး ကိုယ်ဖြစ်နေတဲ့ရောဂါပြောပြပေါ့”
“အေး အိမ်ရောက်မှ အေးဆေးလုပ်လိုက်မယ် ခုတော့ တီးလေးသောက်လိုက်ဉီးမယ်
…
…
ကျစိမ့်တခွက်ဟေ့”
—————————————————-။ ။
။ ။—————————————————-
လက်ဖက်ရည်တငုံသောက်ပြီး ကိုဘိုကေဆိုင်ရှေ့ဘက်လှမ်းကြည့်နေတုန်း မဲလုံးဆိုင်ထဲ ဝင်လာတယ်။
“ခင်ဗျား နှစ်ရက်လောက်ဘယ်ပျောက်နေတာလဲ လက်မောင်းရော သက်သာသွားပြီလား” ပြောရင်းဝင်ထိုင်တယ်
“အေး သက်သာသွားပြီကွာ…တယ်လီကျန်းမာက ဆရာဝန်တွေနဲ့ပြပြီး အလေးအပင်တွေ မတာ မလုပ်ဘဲ ၊ သူတို့ညွှန်ကြားတဲ့အတိုင်း ဆေးဝယ်သောက်တာ တော်သေးတယ် ဓာတ်မှန်တောင် မရိုက်ရဘူး။ အလေးအပင် မ ထားတဲ့ ဒဏ်ကြောင့် အရွတ်ရောင်သလို ဖြစ်တာတဲ့ကွ
…
…
လုပ်နည်းကလည်း လွယ်တာ ….ပေ့မန်စင်ဂျာမှာဟိုင်းလိုက်…ပြီးရင်ကိုယ်ဖြစ်တဲ့ရောဂါကို ပြောပြီးလူနာID နံပါတ်တခုနဲ့ဆေးခန်းပြရမယ့်အချိန် သူတို့ပေးလိမ့်မယ်။ ခု အတော်သက်သာလာလို့ ထွက်လာတာ မိန်းမကတော့ အိမ်မှာ တဗျစ်တောက်တောက်ဟေ့ ဟား ဟား”
The End
အပိုင်း (၂) မျှော်
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၉ ဇူလိုင် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၉ ဇူလိုင် ၂၀၂၂