Ko Bo K: Part (16) “ကိုဘိုကေနဲ့…ဂျပုရဲ့ဖျာကြမ်းရှ ရုရှားခရီး”

ကိုဘိုကေနဲ့…ဂျပုရဲ့ဖျာကြမ်းရှ ရုရှားခရီး

ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သောသူ စသော ဂုဏ်ပုဒ်များနှင့်အားလုံး ကိုက်ညီသော ဂျပုတယောက် ရုရှားနိုင်ငံတော်ကြီးတွင် ဆီဝယ် လက်နက်ဝယ်ကုန်သည်ကြီးအဆင့်ဖြင့် တောသားမြို့ရောက်လျက်ရှိပါတယ်။

(ဒီနေရာမှာ တောသားများနှင့်ကြင်စိုးကို ခိုင်းနှိုင်း ပြော ဆိုမိ၍ တောသားများကို လက်အုပ်ချီ၍အထူးခွင့်လွှတ်ကြရန်)

ဒါနဲ့စကား ဘယ်ရောက်သွားပါလိမ့်….ဂျပု၊ ရုရှား၊ဆီဆွတ် အဲ ဆီဝယ်….မှတ်မိပြီ…..

ခုဆိုရင်….ဂျပုတယောက် လေယာဉ်ပေါ်ကဆင်း ကော်ဇောနီမပြောနဲ့…ဟိုက ခြေသုတ်ခုံတောင်ချဖော်မရ……..

ဂျပုတယောက်ကလည်း ရေနံတင်သင်္ဘောကြီးတွေသွားကြည့်တာ လိုလို….ဘောခံဆိပ်ကမ်းသွားပြီးဟိုဟာစောင့်တာလိုလို ဒီဟာစောင့်တာလိုလို…..လူလေးငါးဆယ်ယောက်နဲ့ လုံခြုံရေးမပါ…ဘာမပါ…နောက်ဆုံးရုရှားကြီးကလည်း ဒီငနွား မမြင်ဖူးတာတွေကြည့်ပါစေလေဆိုပြီး လွှတ်ထား တော့ ဂျပုတယောက် ကုတ်အကျီဆိုက်အသေးဆုံးဝတ်ပြီး ပတ် နေလေရဲ့..။

မနေ့ကဆို မြဝတီက ကြင်စိုးတယောက် နျူကလီးယားစီမံကိန်းတွေတောင် ဘာညာ လေ့လာ မေးမြန်းနေပြီဆိုလားလွှင့်သွားသေးတယ်။

ကိုဘိုကေ အရမ်း သိချင်နေတာ တခုရှိတယ်…..ခုလုပ်နေတာက စီးပွားရေးဖိုရမ်ဆိုလား ဘာလား…

ထားပါတော့ အဲလို စီးပွားရေးဆွေးနွေးပွဲကြီးမှာ ကမ္ဘာ့အမွဲဆုံးစာရင်း ဝင်အောင်လုပ်ပစ်ခဲ့တဲ့ ဂျပုတယောက်ကို စီးပွားရေးနဲ့ပတ်သက်ပြီး ဘာတွေများ ပြောမှာပါ လိမ့်…..

ဒေါ်လာ -၃၅၀၀-၅၀၀၀ကြား

ရွှေ-၃၁သိန်း-၃၅သိန်းကြား

ဓာတ်ဆီတလီတာ-၂၅၀၀စသဖြင့် စသဖြင့် ကန်စွန်းရွက်တစည်း၄၀၀ကျပ်ဖြစ်အောင်လုပ်ပြခဲ့တဲ့ ကြင်စိုးပြောတာတွေကိုရော အခြားနိုင်ငံက တက်လာတဲ့စီးပွားရေးပညာရှင်တွေကရော ဘယ်လိုနားနဲ့ဘာသာပြန်နား ထောင်ကြမှာပါလိမ့်ဗျာ…………….

ဂျပုတယောက်ကတော့ ဘာသာပြန်နှစ်ယောက်အားကိုးနဲ့ ဟိုစက်ရုံသွားတာလိုလို ဟိုကမ်းနားသွားတာလိုလို အင်တာဗျုးလေးဖြေလိုက်နဲ့ ပူတင်နဲ့တွေ့ဖို့စောင့်နေပါတယ်။

နောက်ဆုံးသတင်းအရ ပိုက်ဆံလိုနေတဲ့ပုတင်က ငွေထုပ်အပြည့်နဲ့ရောက်နေတဲ့ ဆီစွတ် အဲ….ဆီဝယ်တဲ့ ဖောက်သည်ကြီးကို ဒီတခေါက်တော့ သူကိုယ်တိုင် မျက်နှာပြပေးလိုက်တယ် ထင်တယ်။ သီသီ တို့ယတြာလေးလည်းပါမှာပေါ့.. ခုတော့တွေ့ခွင့်ရသွားပြီ…..

မောင်ပူတင်ကလည်း ဗဟိုဘဏ်ချင်းတောင် ချိတ်ပြီး ဆီစွတ်ပေးမယ့် အဲလေ ဆီဝယ်မယ့် ဂျပုကို သေနတ်၊ ဓာတ်ဆီအပြင် နျူကလီးယားအီးနံ့လေး ပေးရှုပုံရတယ်ထင်ရတာပဲလေ ….

ဒီမောင်ကြင်စိုးတယောက်ကလည်း လျှပ်စစ်ရထားတို့…နောက် စပါးတောင် ပန်းစိုက်အိုးထဲစိုက်ပြတာတို့…ဟိုတလောကဆို စီးပွားရေးဉီးမော့လာအောင်လုပ်ပြမယ်တို့ ကယောင်ကတမ်းပြောတတ်တော့ ရုရှားကပြန်လာရင် ဘယ်လို ဂဂျောင်ပြောဉီးမလဲဆိုတာ………

ခုတော့……ဓာတ်ဆီဆိုင်တွေမှာ ပြည်သူတွေက ဆီတန်းလျက်ရှိတုန်း…. မီးပြတ်လျက် ရှိတုန်း….. သူတပည့်ကျော်ကြီးဖြစ်တဲ့ ဗဟိုဘဏ်မမကြီးကလည်း ဒေါ်လာဈေးတက်တာ ဟိုမီဒီယာကြောင့်ဆိုပြီး လက်ညှိုးထိုးစွပ်စွဲအော်နေလေရဲ့……

တကယ့် ပေါက်လွတ်ဗရဗွ…ဖြစ်ကတတ်ဆန်းတွေပါ အရပ်ကတို့ရေ…

ကိုဘိုကေလည်း ကြာရင် ကိုကတုံးဖြစ်တော့မယ် ထင်ပါရဲ့

The End

ထုတ်ဝေသည့်နေ့စွဲ -- ၇ စက်တင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၇ စက်တင်ဘာ ၂၀၂၂