
စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
စိတ်ကျန်းမာရေးတွင် လူသားတိုင်း၏ ခံစားချက်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးရာ ကျန်းမာရေးတို့ ပါဝင်သည်။ စိတ်ကျန်းမာရေးသည် အမိဝမ်းတွင်းမှစ၍ သေဆုံးသည်အထိ ဘဝ၏ အစိတ်အပိုင်းအားလုံးတွင် အရေးကြီးလှသည်။ စိတ်ကစဉ့်ကလျားရောဂါ (schizophrenia) နှင့် အစိုးရိမ်လွန်ရောဂါ စိတ်ကျရောဂါကဲ့သို့ သော အနုစား စိတ်ဝေဒနာများ မှာ ပြင်ပလူနာဌာနတွင် အတွေ့ရအများဆုံးသော ရောဂါများဖြစ်ကြပြီး စိတ်ကစဉ့်ကလျားရောဂါ (schizophrenia) နှင့် စိတ်ခံစားချက်နှင့် ဆက်နွယ်သော ဝေဒနာများမှာ မြန်မာနိုင်ငံရှိ စိတ်ကျန်းမာရေးဆေးရုံများတွင် အတွေ့ရအများဆုံးသော ရောဂါများ ဖြစ်ပါသည်။
မတရားအာဏာသိမ်းခြင်းနှင့် စိတ်ကျန်းမာရေး
စစ်ကောင်စီမှ မတရားအာဏာသိမ်းခံရပြီးနောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအများစု (အထူးသဖြင့် ဖိနှပ်ဖြိုခွင်းခံဒေသတွင် နေထိုင်သူများ) သည် စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှုကို ခံစားနေကြရပါသည်။ ယခုလိုအချိန်တွင် စိတ်ရောကိုယ်ပါကျန်းမာအောင်နေထိုင်နည်း၊ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနည်းများကို တစ်ဦးတစ်ယောက်ချင်းစီက သိရှိထားရန် အထူးအရေးကြီးပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် စိတ်ကျန်းမာရေးနှင့်ပတ်သက်သော အချက်အလက်များ၊ စိတ်ဖိစီးမှုခံစားနေရသူများအနေနှင့် ပညာရှင်နှင့်ဆွေးနွေးတိုင်ပင်နိုင်မည့် ဝန်ဆောင်မှုများကို ပေးသွားမှာဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေဝန်ဆောင်မှုများကို အခြားသောဝန်ကြီးဌာနများ၊ လူမှု ကူညီရေးအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုများနှင့် ပူးပေါင်း၍တာ၀န်ယူပေးနိာင်ရန် ကြိုးစားလျက်ရှိပါသည်။

စိတ်ပိုင်းဆိုင်ရာဖိစီးမှု၊ စိုးရိမ်စိတ်နှင့်အခြားစိတ်ရောဂါများကိုရင်ဆိုင်ဖြေရှင်းခြင်း
ဘဝမတည်ငြိမ်မှု၊ တစ်နေရာမှတစ်နေရာသို့မကြာခဏရွေ့ပြောင်းနေထိုင်ရမှု၊လူမှုဖိအားများ၊ မိသားစုဆက်ဆံရေးတင်းမာမှုများ၊ စီးပွားရေးအခက်အခဲများ၊ အနာဂတ်နှင့် ပတ်သက်၍ မသေချာမရေရာမှုများ၊ မျှော်လင့်ခြင်းကင်းမဲ့ခြင်း၊ အစရှိသည့် စိတ်ဖိစီးမှု အရင်းအမြစ်များဖြစ်သည် စိလူတဦးတယောက်ချင်းဆီ၏ သင်ယူမှုနှင့်အလုပ်စွမ်းဆောင်နိုင်ရည်အပေါ်တွင် အပြုသဘောသက်ရောက်နိုင်သော်လည်း၊ အလွန်ပြင်းထန်လွန်းသို့မဟုတ်ကြာရှည်လွန်းပါကအိပ်မပျော်ခြင်းနှင့်အခြားစိတ်ပိုင်းဆိုင်ရာပြာဿနာ များကိုဖြစ်ပွားစေနိုင်သည်။ ဤကဲ့သို့သောစိတ်ဖိစီးမှုအမျိုးမျိုးကိုကိုင်တွယ်ရန်နည်းလမ်းများကို လိုက်နာ၍ မိမိ၏ စိတ်ကျန်းမာရေးကို အထူးဂရုပြုသင့်သည်။
