ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ကမကထပြုလုပ်၍ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် အထူးဒေသအုပ်ချုပ်ရေး ပအဖများ တွေ့ဆုံခြင်း
အစည်းအဝေး ကျင်းပပြုလုပ်၂၆ရက် ဧပြီလ ၂၀၂၂ခုနှစ်ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ကမကထပြုလုပ်၍ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် အထူးဒေသအုပ်ချုပ်ရေး ပအဖများ တွေ့ဆုံခြင်း အစည်းအဝေးကို ယနေ့ နေ့လည် ၀၁း၀၀နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြားကာလအထူးဒေသ အဖြစ် အတည်ပြုပြီးသား မြို့နယ်များအတွက် ပညာရေးနှင့် ကျန်းမာရေး တာဝန်ခံများအနေဖြင့် တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မပြတ်စေဘဲ ရရှိထားသော ဘက်ဂျက်များကို မျှဝေသုံးစွဲပြီး ကောင်းမွန်သော စီမံခန့်ခွဲမှုများဖြင့် ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးနိုင်ဖို့ ပြောကြားခဲ့သည်။ နယ်မြေတာဝန်ခံများမှလည်း မြေပြင်တွင် ဆောင်ရွက်နေသော ပညာရေး ကျန်းမာရေးကဏ္ဍအခြေအနေများကို တင်ပြပြီး ဆက်လက်လုပ်ဆောင်ရန်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါ်ဂျာထွယ်ပန်၊ သက်ဆိုင်ရာနယ်မြေ ပအဖခေါင်းဆောင်ကြီးများအပါအဝင် ပညာရေးနှင့် ကျန်းမာရေးတာဝန်ခံများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး နေ့လည် ၂း၃၀တွင် အစည်းအဝေးကို အောင်မြင်စွာ ရပ်နားခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ


Published on: 26 April 2022
Last Updated: 26 April 2022