“New Year Wishes from Professor Dr. Khin Maung Lwin (Chairman of FHPC)” (April 2024)

နှစ်သစ်ဆုတောင်းမေတ္တာ

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၇) ရက် / ၁၃၆၈ ခုနှစ်၊ တန်ခူးလဆန်း (၉) ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊
ယနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ

ဆုတောင်းမေတ္တာ ပို့သပေးချင်တဲ့ သူများကတော့….
– ကျွန်တော်ရဲ့ မိဘများသဖွယ် လေးစားရသော ဆရာ / ဆရာမများအားလုံး
– ညီအစ်ကို မောင်နှမများ / ဆွေမျိုးသားချင်းများ / မိတ်ဆွေများအားလုံး
– ပညာရပ်တူ လုပ်ဖော်ကိုင်ဘက် Neurosurgeon များအားလုံး
– CDM ကျန်းမာရေးပညာရှင်များအားလုံး
– ဆေးတက္ကသိုလ် – မန္တလေးမှ CDM ဆရာဆရာမများ / ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများအားလုံး
– KSCU မှ ဆရာဆရာမများ / ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများအားလုံး
– နွေဦးတော်လှန်ရေးမှာ ကဏ္ဍအသီးသီးက ပါဝင်ဆောင်ရွက်နေကြသူများအားလုံး
– ကိုယ့်ဇာတိရပ်ရွာ အမေ့အိမ် / အဖေ့အိမ် ပြန်ချင်ကြသူများ
– မတရားအကျဉ်းကျခံနေရသူများနဲ့
– အမှန်တရားဘက် ရပ်တည်နေသူ မြန်မာပြည်သူများအားလုံး…..

* ကိုယ်ရဲ့ ကျန်းမာခြင်း၊ စိတ်ရဲ့ ချမ်းသာခြင်းများနဲ့ ပြည့်စုံပြီး
* ရင်ထဲမှာ တိုးတိုးတိတ်တိတ် ဆုတောင်းနေတာတွေရော
* နှုတ်နဲ့ ပေါ်ပေါ်တင်တင်ဆုတောင်းနေကြတဲ့ ဆန္ဒတွေရော
* အမြန်ဆုံးပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်

ပါမောက္ခ ဒေါက်တာခင်မောင်လွင်
UMM / KSCU
ဥက္ကဋ္ဌ
ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC)

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: April 20, 2024
Last updated: April 20, 2024