No Bra Day ( 13th October 2022)

မနေ့က အောက်တိုဘာ ၁၃ရက်နေ့ဟာ လူအများသိကြတဲ့ No Bra Day ( အတွင်းခံဘရာ မဝတ်ဆင်တဲ့နေ့) ပဲ ဖြစ်ပါတယ်။

No Bra Dayဆိုတာဟာ ရင်သားကင်ဆာခံစားခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ လက်ရှိမှာ ရင်သားကင်ဆာခံစားနေရဆဲ တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေကို အားပေးတဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ ပြီးတော့ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး လူထုကြားထဲမှာ အသိပညာမြင့်တက်လာစေဖို့လည်း ရည်ရွယ်ပါတယ်။

အမျိုးသမီး ရှစ်ဦးမှာ တစ်ဦးဟာ သူတို့ဘဝကိုဖြတ်သန်းရင်း ရင်သားကင်ဆာဖြစ်နိုင်ချေ ရှိနေပါတယ်။ ရင်သားကင်ဆာ ဖြစ်နိုင်​ချေရှိတယ်ဆိုတာ အဆိုးဆုံးပြောရမယ်ဆိုရင် အသက်သေစေနိုင်တဲ့ရောဂါတစ်ခုကို ရင်ဆိုင်တွန်းလှန်ရနိုင်ချေရှိတယ်လို့ ဆိုလိုတာပါ။

ရင်သားတွေဟာ အမျိုးသမီးတို့ရဲ့ အမှတ်အသားလက္ခဏာတစ်ခုဆိုပြီး သတ်မှတ်ချက်တွေကြားထဲမှာ ကင်ဆာကို တိုက်ထုတ်နေရင်းနဲ့ ရင်သားတွေကို ထင်သာမြင်သာ ဖြတ်ထုတ်၊ ဖယ်ထုတ်ရတဲ့အခါတွေမှာ အမျိုးသမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယ် မြင်နေတဲ့အမြင် ပျောက်ဆုံးသွားတာတွေ၊ စိတ်ဓာတ်ကျတဲ့အခြေအနေတွေအထိ ဖြစ်လာစေနိုင်ပါတယ်။

ရင်သားကင်ဆာတိုက်ပွဲ ဆင်နွှဲနေကြတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရင်သားတွေ ဖယ်ထုတ်၊ ဖြတ်ထုတ်ထားရတာကို လူမသိအောင် မဖြစ်မနေ အတုဝတ်ပြီး ဖုံးကွယ်ထားရတာ၊ ဘရာအတွင်းခံမပါရင် အပြင်ကိုမထွက်ရဲတာမျိုးတွေ ရှိခဲ့ပါတယ်။ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီလိုနေ့မျိုးမှာ အမျိုးသမီးတွေ ရင်သားကင်ဆာရောဂါအကြောင်းကို ပိုမိုသိရှိပြီး ကင်ဆာဖြစ်ခြင်းကနေ ကြိုတင်ကာကွယ်နိုင်အောင် လူထုကြားထဲ အသိပညာမြှင့်တင်ခြင်း၊ ကူညီပေးခြင်းတွေ လုပ်လို့ရနိုင်ပါတယ်။

No Bra Day ကို ဘယ်လို ဖြတ်သန်းကြသလဲ ?

အလွယ်ဆုံး နည်းလမ်းအနေနဲ့ ဒီလိုနေ့မျိုးမှာ ရင်သားကင်ဆာအကြောင်း သတိပြုဂရုစိုက်မှုရှိစေဖို့ ဘရာအတွင်းခံ မဝတ်ဘဲ သက်တောင့်သက်သာ ဖြတ်သန်းကြသလို

နောက်တစ်နည်းအနေနဲ့ မိမိရဲ့ ရင်သားနဲ့ ချိုင်း တစ်ဝိုက်မှာ သံသယရှိစရာ အလုံးအကြိတ် ရှိ/မရှိ စမ်းသပ်ခြင်း၊ ဆရာဝန်နဲ့ ရင်သားစစ်ဆေးခြင်း ပြုလုပ်ဖို့ ကြိုတင်ချိန်းဆိုခြင်းတို့ ပြုလုပ်ကြပါတယ်။

လူမှုကွန်ရက်ခေတ်ကြီးထဲမှာ ဗဟုသုတမျှဝေတဲ့ သတင်းအချက်အလက်တွေ၊ ဆောင်းပါးတွေ၊ ရုပ်ပုံတွေကိုလည်း မျှဝေပြီး ပါဝင်ကြပါသေးတယ်။

တယ်လီကျန်းမာအနေနဲ့လည်း သိပ်မကြာခင်က မျှဝေပေးခဲ့ဖူးတဲ့ “သတိထားစရာ ရင်သားကင်ဆာ” ဆောင်းပါးလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

https://m.facebook.com/story.php?story_fbid=373325048338106&id=101009128903034

ရင်သားကင်ဆာကို ဂရုပြုမိပြီး တခြားသော ရင်သားရောဂါပြဿနာများလည်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းလျက်….

❤️ တယ်လီကျန်းမာ…လူတိုင်းအတွက်ပါ ❤️

Ref: 📚https://www.freepressjournal.in/…/no-bra-day-know-its…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၁၄ အောက်တိုဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၄ အောက်တိုဘာ ၂၀၂၂