ပြည်သူများက NUG ကျန်းမာရေးဝန်ကြီးဌာန၏ NUG Pay အကောင့်သို့ အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိ (၆-၁၁-၂၀၂၂)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ၏ အလှူငွေများကို လွတ်လပ်လုံခြုံစိတ်ချစွာ လက်ခံရယူနိုင်ရန် NUG Pay အကောင့်တစ်ခုကို ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း (၃-၁၁-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
ယနေ့ (၆-၁၁-၂၀၂၂) ရက်နေ့၊ နေ့လယ်ပိုင်းအထိ အလှူရှင် (၅၇) ဦးက NUG ကျန်းမာရေးဝန်ကြီးဌာန၏ NUG Pay အကောင့်သို့ အလှူတော်ငွေ စုစုပေါင်း (၂,၂၄၇,၀၀၀) ကျပ်တိတိ ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။
NUG ကျန်းမာရေးဝန်ကြီးဌာန၏ NUG Pay အကောင့်ကို
ministryofhealth*nugpay.app
ဟူသော အကောင့်အမည်တစ်ခုတည်းနှင့်သာ ဖွင့်လှစ်ထားရှိပါသည်။
ပြည်သူများအနေဖြင့် မိမိတို့၏ NUG Pay App တွင် ကျန်းမာရေးဝန်ကြီးဌာန၏ NUG Pay အကောင့်အမည်ကို ရိုက်သွင်း၍လည်းကောင်း၊ ပူးတွဲပါ QR Code ကို Scan ဖတ်၍လည်းကောင်း လှူဒါန်းငွေများကို လွတ်လပ်လုံခြုံစိတ်ချစွာ ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ပြည်သူများ၏ လှူဒါန်းငွေများကို PDF ရဲဘော်များနှင့် စစ်ဘေးသင့်ပြည်သူများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရာတွင်လည်းကောင်း၊ ဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် မြေပြင်ရှေ့တန်း ကျန်းမာရေးဝန်ထမ်းများသို့ ချီးမြှင့်ငွေများ ပေးအပ်ရာတွင်လည်းကောင်း ပြန်လည်အသုံးပြုသွားမည်ဖြစ်ပါသည်။
{ ပြည်ပရောက် မြန်မာများနှင့် နိုင်ငံတကာအလှူရှင်များအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (https://moh.nugmyanmar.org/donate/) တွင် ဖော်ပြထားသည့် နိုင်ငံတကာ ဘဏ်စနစ်များမှတစ်ဆင့်လည်း လှူဒါန်းနိုင်ပါသည် }
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
nugmoh #bank #nugpay #donation #emergencyhealthcare
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၆ နိုဝင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၆ နိုဝင်ဘာလ ၂၀၂၂