ယူကေနိုင်ငံ၊ လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ကျင်းပပြုလုပ်သည့် မြန်မာ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြားခဲ့သည့် အမှာစကား (Video)(1 Feb 2023)

ယူကေနိုင်ငံ၊ လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ကျင်းပပြုလုပ်သည့် မြန်မာ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြားခဲ့သည့် အမှာစကား (1 Feb 2023) ————————————– ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသည့် မြန်မာ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ဆန္ဒပြပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုးနှင့် ဒေါ်ခင်မမမျိုးတို့ တက်ရောက်

လန်ဒန်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

မြန်မာ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီ (၁) ရက်နေ့က ယူကေနိုင်ငံ၊ လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့ တက်ရောက်၍ အမှာစကားများ ချီးမြှင့်ခဲ့ကြပါသည်။

မြန်မာပြည်တွင်းမှ ပြည်သူလူထုက အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြကြသကဲ့သို့ ယူကေရောက် တိုင်းရင်းသားညီအစ်ကို မောင်နှမများကလည်း လန်ဒန်မြို့လယ်ရှိ Trafalgar Square တွင် ဆန္ဒပြပွဲ ကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများအား ချက်ချင်းလွှတ်ပေးရေး၊ စကစက တစ်တိုင်းပြည်လုံးကို မီးရှို့ပြာချနေခြင်းနှင့် အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းတို့အား ချက်ချင်းရပ်တန့်ရေး၊ စကစက ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများအတွက် တရားစီရင်မှုများ ပြုလုပ်နိုင်ရေးတို့အတွက် ပြည်ပရောက် တော်လှန်ရေးမိသားစုများက မြန်မာ့အရေး အားပေးထောက်ခံကြသော ယူကေပြည်သူများ၊ ယူကေပါလီမန်အမတ်များနှင့်အတူ ဆန္ဒပြတောင်းဆိုခဲ့ကြပါသည်။

တက်ရောက်လာကြသူများအနက် ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကို၊ မြန်မာ့ဒီမိုကရေစီရေးရာ ယူကေပါလီမန်အမတ်များအဖွဲ့ မှ ဥက္ကဌဖြစ်သူ Rushanara Ali, အထက်လွှတ်တော်အမတ်များ ဖြစ်ကြသော Lord Crisp နှင့် Baroness Cox, THET organisation မှ Dr Jim Brockbank, Burma Campaign UK မှ Executive Director Anna Roberts, Myanmar Accountability project တည်ထောင်သူ Christopher Guinness , Representative from Global Women’s strike, Burmese Rohingya Organisation မှ ကိုထွန်းခင်၊ တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အစရှိသူတို့က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် သတ္တိရှိရှိ တိုက်ပွဲဝင်နေကြသော ပြည်တွင်းမှ ပြည်သူများနှင့် တစ်သားတည်းရှိကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေးအတွက် ဆက်လက်၍အတူတကွ၊ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၁ ဖေဖော်ဝါရီ ၂၀၂၃
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁ ဖေဖော်ဝါရီ ၂၀၂၃