“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရန် အစဉ်တစိုက် အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။
ခေတ်မီတယ်လီနည်းပညာများ (Telehealth: Telemedicine, Teleconsultation) အသုံးပြု၍ ကျန်းမာရေးဝန်ကြီးဌာန၏ တယ်လီကျန်းမာအစီအစဉ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော (၁၉-၆-၂၀၂၁) ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် တယ်လီကျန်းမာအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် ပြည်သူလူထု၏ ကျန်းမာရေးပြဿနာများကို အကြံဉာဏ်ပေးခြင်းနှင့် ကုသမှုပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
တယ်လီကျန်းမာအစီအစဉ်တွင် ပြည်တွင်း၊ ပြည်ပမှ ဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးများက ပါဝင်ကုသပေးကြမည်ဖြစ်ပါသည်။
လူနာများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ တယ်လီကျန်းမာအစီအစဉ်တွင် ကုသမှု ခံယူနိုင်ရန် အသေးစိတ်အစီအစဉ်အချက်အလက်များကို Facebook Page – “တယ်လီကျန်းမာ – MoH, NUG of Myanmar” ( https://facebook.com/telehealthmm ) တွင် ဖတ်ရှုနိုင်ပါသည်။
တယ်လီကျန်းမာအစီအစဉ်တွင် ကုသမှုခံယူမည့် လူနာအနေဖြင့်-
၁။ အင်တာနက်ရှိရန် လိုအပ်ပါမည်။
၂။ https://doxy.me/telehealthmm အင်တာနက်လိပ်စာတွင် ဆရာဝန်နှင့်ကုသမှုခံယူနိုင်ရန် တိုကင်ယူတန်းစီရပါမည်။
၃။ ဆရာဝန်က တန်းစီလူနာများအနက် တစ်ဦးချင်းစီကို အစဉ်လိုက်ခေါ်ယူ၍ အကြံဉာဏ်နှင့် ကုသမှုများ ပေးအပ်မည်ဖြစ်ပါသည်။
၄။ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီအတွင်း ကုသမှုခံယူနိုင်မည်ဖြစ်ပါသည်။ ပိတ်ရက်မရှိပါ။
၅။ ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို “တယ်လီကျန်းမာ – MoH, NUG of Myanmar” Facebook Page (https://facebook.com/telehealthmm) တွင် ဆက်လက်ကြော်ငြာပေးပါမည်။
၆။ အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သူများအနေဖြင့် ယခုတယ်လီကျန်းမာအစီအစဉ်တွင် အကြံဉာဏ် ရယူရန် မသင့်တော်ပါ။
၇။ ကုသမှုအားလုံးသည် အခမဲ့ဖြစ်ပါသည်။
MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ
—————————
MOH တယ်လီကျန်းမာတွင် Online မှတစ်ဆင့် ကုသမှုခံယူခြင်း လမ်းညွှန်ဗီဒီယိုကို ကြည့်ရှုရန် –
https://fb.watch/6dlauHRALD/
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ ၁၈ ဇွန် ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၁၈ ဇွန် ၂၀၂၁