သွားနှင့် ခံတွင်းကျန်းမာရေးအတွက် ဂရုစိုက်ရမည့် အချက် (၉) ချက် (January 2023)
ဖလိုရိုက်(ဒ်) (Fluoride) ပါသော သွားတိုက်ဆေးနှင့် တစ်နေ့ နှစ်ကြိမ် သွားတိုက်ပေးပါ။
သွားနှင့် သွားဖုံးများကို သန့်ရှင်းအောင် ထားခြင်းဖြင့် သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများကို ကာကွယ်နိုင်ပါသည်။
သွားဆရာဝန်ထံ (၆ လ တစ်ကြိမ်) ပုံမှန်သွား၍ သွားနှင့်ခံတွင်းကို စစ်ဆေးပါ။
ဆိုးရွားစွာ သွားပိုးစားနိုင်ခြင်း၊ သွားဖုံးရောဂါနှင့် အခြားသွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများကို ဆောလျင်စွာ သိရှိ ကာကွယ်ကုသနိုင်ပါသည်။
ဖလိုရိုက်(ဒ်) ဓာတ်ပါဝင်သော ရေကို သောက်သုံးခြင်းဖြင့် သွားများကို သန်မာစေပြီး သွားပိုးပေါက်များကို လျော့နည်းစေပါသည်။
ဆေးလိပ်၊ ကွမ်းယာအပါအဝင် ဆေးရွက်ကြီးထွက် ပစ္စည်းအားလုံးကို ရှောင်ကြဉ်ပြီး အရက်သေစာသောက်သုံးခြင်းကို ကန့်သတ်လျှော့ချပါ။
ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်ပါက သွားဖုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆရှိသည်။
အချိုဓာတ်ပါသော သရေစာများနှင့် အချိုရည်များကို ရှောင်ကြဥ်ပါ။
ထိုသို့ ရှောင်ကြဉ်ခြင်းအားဖြင့် သွားပိုးစားခြင်းနှင့် အခြားသွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများအပြင် အဝလွန်ခြင်းနှင့် ဆီးချိုရောဂါတို့ကိုလည်း ကာကွယ်ပြီးဖြစ်ပါသည်။
သင့်တွင် ဆီးချိုရောဂါ ရှိပါက ဆရာဝန်နှင့်တိုင်ပင်ပြီး သင်၏ သွေးတွင်း Hb A1C ပမာဏကို ဓာတ်ခွဲစစ်ဆေး၊ စောင့်ကြည့်ပါ။
သွေးတွင်းသကြားဓာတ် မြင့်မားခြင်းသည် သွားဖုံးရောဂါ ဖြစ်နိုင်ခြေ တိုးလာခြင်းနှင့် ဆက်စပ်နေသည်။
သွားပိုးစားခြင်းကို ပို၍ဖြစ်စေနိုင်သော သွားမျက်နှာပြင်အချိုင့်လေးများ ရှိမရှိ သွားဆရာဝန်နှင့် စစ်ဆေးပြီး Dental sealants ကုသမှု ခံယူပါ။
သွားမျက်နှာပြင်၏ အချိုင့်ပုံစံ အက်ကြောင်းများအတွက် ကနဦး အပေါ်ယံဆေးအလွှာဖြည့်ခြင်း (Dental sealants) ကုသမှု လိုအပ်နိုင်သည့် သွားအများစုမှာ အစာကြိတ်ဝါးရာတွင် ပိုအသုံးပြုရသည့် အံသွားများ ဖြစ်လေ့ရှိပြီး ထိုကဲ့သို့ ကုသမှုခံယူထားသည့် သွားများသည် သွားပိုးပေါက်ဖြစ်ပေါ်ခြင်းကို နှစ်များစွာ ကာကွယ်ပေးနိုင်ပါသည်။
သွားများကို သွားပွတ်ကြိုးဖြင့် နေ့စဉ်သန့်ရှင်းပါ။
သွားကြားရှိ အရာများကို သွားပွတ်ကြိုးဖြင့် ဖယ်ရှားခြင်းသည် သွားပိုးစားခြင်းကို ကာကွယ်ပေးပါသည်။
ကိုယ်ဝန်ဆောင်စဉ် သွားများကို ပုံမှန်စစ်ဆေးသင့်ပြီး လိုအပ်ပါက အရေးပေါ် သွားကုသမှု ခံယူသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်ချိန်တွင် သွားဖုံးရောဂါနှင့် သွားပိုးစားခြင်းတို့ ဖြစ်နိုင်ခြေ ပိုများပါသည်။
“အရာအားလုံးကျန်းမာဖို့ သွားနှင့်ခံတွင်း ကျန်းမာရေးကို ဂရုပြုစို့”
Source:
CDC: 9 Ways to Care for Your Oral Health
https://www. cdc. gov/oralhealth
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
#nugmoh#oralhealth#teeth#mouth#oral
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 24 January 2023
Last Updated: 24 January 2023