“Preventing HIV” (August 2023)

အောက်ပါနည်းလမ်းများနဲ့ သင့်အား HIV ပိုးကူးစက်နိုင်ခြေကို လျှော့ချလို့ရပါတယ်။

◾️ လိင်ဆက်ဆံတိုင်း အကာအကွယ် ကွန်ဒုံးသုံးခြင်း။

◾️လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအတွက် ပုံမှန်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ပါက ထိရောက်သော ကုသမှုများခံယူခြင်း။

◾️မိမိ၏ လိင်ဆက်ဆံဖော်/ပါတနာသည် HIV ပိုးရှိသူဖြစ်ပါက ထိရောက်သောဆေးကုသမှု ခံယူနေကြောင်း သေချာစေခြင်း။

◾️မိမိသည် လတ်တလောတွင် HIV ပိုးကူးစက်နိုင်ခြေ များသောသူ (HIV ပိုးရှိသူ၏ လိင်ဆက်ဆံဖော်/ပါတနာ) ဖြစ်ပါက PrEP ကာကွယ်ဆေးကို သောက်သုံးခြင်း။ သို့သော် လက်ရှိ အခြေအနေအရ PrEP ဆေးသည် လူတိုင်းလက်လှမ်းမမီသေးသောကြောင့် အခြားအကာအကွယ် နည်းလမ်းများကိုလည်း အထူးဂရုပြု လိုက်နာခြင်း။

◾️HIV ပိုးနှင့် ထိတွေ့မိခဲ့သည်ဟု သံသယရှိသည်နှင့်တပြိုင်နက် တတ်ကျွမ်းသည့် ဆရာဝန်နှင့်တိုင်ပင်ပြီး ၇၂ နာရီအတွင်း PEP ကာကွယ်ဆေး သောက်သုံးရန် လို/မလို တိုင်ပင်ခြင်း။

◾️ဆေးမင်ကြောင်ထိုးခြင်း (သို့မဟုတ်) ဆေးထိုးအပ် အသုံးပြုရန် လိုအပ်လာပါက ပိုးသတ်သန့်စင်ပြီးသား တစ်ခါသုံး ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကိုသာ (မျှဝေခြင်း မပြုဘဲ) သုံးခြင်း။

မှီငြမ်း 📚

World Health Organization

လူထုအခြေပြု ဘက်စုံကျန်းမာရေးစေတနာ့ဝန်ထမ်းများ လက်စွဲစာအုပ် ၂၀၂၃၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: August 15, 2023
Last updated: August 15, 2023