အာဖရိကနိုင်ငံအချို့မှာ စတင်တွေ့ရှိခဲ့တဲ့ မျောက်ကျောက်ရောဂါ (Monkey Pox) ဟာ လက်ရှိအချိန်အချိန်မှာတော့ အမေရိကန်၊ အင်္ဂလန် အပါအဝင် နိုင်ငံပေါင်း ၂၃ ကျော်မှာ ကူးစက်ခံရသူ ၂၅၇ ဦးရှိနေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ထားပါတယ်။
မျောက်ကျောက်ရောဂါနဲ့ ပတ်သက်ပြီး အာစီယံ နိုင်ငံတွေအကြားမှာလည်း စိုးရိမ်မှုတွေရှိနေပြီး ကာကွယ်ရေးနဲ့ ကုသရေးအတွက် ကြိုတင်ပြင်ဆင်နေကြသလို စစ်တပ်က အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာလည်း ဒီရောဂါနဲ့ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်နေကြပါတယ်။
ဒါကြောင့် ဒီရောဂါ ဘယ်လောက်ထိစိုးရိမ်ရသလဲ၊ ဘယ်လို ကူးစက်နိုင်သလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဌနှင့် အမျိုးသားညီညွှတ်ရေး အစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၊ အထူးအကြံပေး ပါမောက္ခ ဒေါက်တာ ခင်မောင်လွင် အား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
The Irrawaddy – Burmese Edition
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ ၂၃ ဇွန် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၂၃ ဇွန် ၂၀၂၂