Proton Pump Inhibitors (အစာအိမ်ဆေး) (October, 2022)

အစာအိမ်ဆေးကို စနစ်တကျဘယ်လိုသောက်သင့်ပါသလဲ?

အစာအိမ်ရောဂါဟာ ဆေးတစ်မျိုးတည်းကိုပဲ အားကိုးနေ၊ ဖြစ်တိုင်းသောက်၊ ရေရှည်စွဲသောက်နေလို့ မပျောက်ကင်းနိုင်၊ မသက်သာနိုင်ပါဘူး။ ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း ဆေးသေချာသောက်တာအပြင် ဖြစ်စေတဲ့အကြောင်းရင်းတွေကိုလည်း ရှောင်ရမှာပါ။

ဥပမာ-

၁) အစာအချိန်မှန်မှန်မစားတာ၊ အစာလွန်တာ

၂) အပူအစပ်တွေစားတာ

၃) ကော်ဖီ လက်ဖက်ရည် ခဏခဏသောက်တာ

၄) ဆေးလိပ်၊အရက်၊ ဘီယာ

၅) အကိုက်အခဲပျောက်ဆေးတွေ

၆) steroids ပါတဲ‌ဆေးတွေ

၇) စိတ်ဖိစီးမှုများတာ စတာတွေက အစာအိမ်ရောဂါဖြစ်စေတဲ့အကြောင်းရင်းတွေပါ။ ဒါတွေကို တတ်နိုင်သမျှ ရှောင်ရပါမယ်။

အစာအိမ်ဆေး (Proton pump inhibitors-PPI) တွေကို အကြောင်းရင်းမရှိဘဲ ဆရာ၀န်မညွှန်ကြားဘဲ စွဲမသောက်ရပါဘူး။ အစာအိမ်ဆေး(PPI)​ဟာ အစာအိမ်နဲ့ပတ်သက်ပြီး ခွဲစိတ်မှုတွေ အတော်နည်းသွားသည်အထိ အရမ်းအသုံး၀င်၊ အရမ်းကောင်းတဲ့ဆေးဖြစ်ပေမယ့် ဆိုးကျိုးမရှိတာတော့ မဟုတ်ပါဘူး။

💊စွဲသောက်ရင် ဘာဖြစ်တတ်လဲ?

📢 အတိအကျတော့ ၁၀၀% မဟုတ်ပေမယ့် ဖြစ်နိုင်ချေရှိတယ်ဆိုပြီး လေ့လာထားတဲ့စာတမ်းတွေအရ ကိုယ်၀န်ဆောင်တွေမှာဆိုရင် ပုံမှန်မဟုတ်တဲ့ကလေးမွေးလာနိုင်ပါတယ်။ အူ၊ ဆီးလမ်းကြောင်းနဲ့ အသက်ရှုလမ်းကြောင်းမှာ ပိုး၀င်လွယ်တယ်လို့ ဆိုပါတယ်။ အစာအိမ်မှာ အသားပို‌လုံးတွေ၊ ကင်ဆာတွေပါဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ သွေးကျဲဆေး clopidogrel သောက်နေတဲ့သူတွေအနေနဲ့ အစာအိမ်ဆေး (PPI) ကို တွဲမသောက်သင့်ဘူး ၊ နှလုံးအတွက်မကောင်းဘူးလို့သိရပါတယ်။

💊ဘယ်လိုလူတွေမှာ ရေရှည်သောက်လို့ အကျိုးရှိပါသလဲ?

📢 ရေရှည်သောက်သင့်သူတွေကတော့

– အစာရေမျိုပြွန်ရောင်ရောဂါ (healing and maintenance)

– စားချဉ်ပြန်ရောဂါ

– အကြောင်းရင်းမရှိ အစာအိမ်နာရောဂါ

– Zollinger Ellison $

– အကိုက်အခဲပျောက်ဆေး စွဲသောက်နေသူများ

– သွေးကျဲဆေးသောက်နေသူများတွင် အသက် ၆၅ နှင့်အထက် / steroids ပါသောက်နေသူ / အခြားသွေးမခဲဆေးသောက်နေသူ / အစာအိမ်ရောဂါရှိသူဖြစ်နေလျှင် ရေရှည်စွဲသောက်သင့်ပါတယ်။

📢 ရက်သတ္တပါတ် (၄)ပါတ်မှ (၁၂)ပါတ်အထိသောက်သင့်တဲ့အခြေအနေတွေကတော့

– အစာရေမျိုပြွန်ရောင်ရောဂါ (healing)

– အစာအိမ်ပိုး(H.pylori) ကုသတဲ့အခါ

– အသည်းအသန်နေမကောင်းသောသူများတွင် stress ulcer မဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အခါ

– အစာအိမ်မှာ ပြဿနာမရှိပဲ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အခါ (functional dyspepsia)

– အစာအိမ်ရောဂါ (treatment and maintenance)

– အစာအိမ်သွေးယိုသူများ အစာအိမ်မှန်ပြောင်းမကြည့်ခင်

– အစာအိမ်သွေးယိုနိုင်ချေရှိသူများ အစာအိမ်မှန်ပြောင်းကြည့်ပြီးနောက် အစာအိမ်ဆေးကို (၁)လ မှ (၄)လ အထိသောက်သင့်ပါတယ်။

📢 အစာအိမ်ဆေး မလိုအပ်သူများ

– အကိုက်အခဲပျောက်ဆေးမပါဘဲ steroids တစ်မျိုးတည်းသောက်နေသူတွေ

– အသည်းခြောက်ရောဂါသည်တွေမှာ အစာအိမ် မထိအောင် ကြိုသောက်သူတွေ

– မုန့်ချိုအိတ်ရောင်‌တဲ့သူတွေ

– အသည်းအသန်ရောဂါသည်မဟုတ်ပဲ stress ulcer မဖြစ်အောင်ကြိုတင်ကာကွယ်သူတွေမှာတကယ်တော့ အစာအိမ်ဆေးက သောက်ဖို့ မလိုအပ်ပါဘူး။

📢
📢
📢

တစ်ခါတစ်ရံမှာ အစာအိမ်ဆေးစွဲသောက်ပြီးလည်း မှေးမနေသင့်ပါဘူး။ အသက် (၄၅)နှစ်နဲ့အထက်လူတွေမှာ အစာအိမ်ရောဂါရှိလို့ အစာအိမ်ဆေး တစ်လသောက်ပြီး ဆေးရပ်လိုက်တဲ့အခါမှာ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ ဆက်ရှိနေရင် အစာအိမ်မှန်ပြောင်းကြည့်သင့်ပါတယ်။

Reference 📚

https://pubmed.ncbi.nlm.nih.gov/28219434/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၂ အောက်တိုဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂ အောက်တိုဘာ ၂၀၂၂