"တယ်လီကျန်းမာဆေးခန်းတွင် Booking စနစ် ဖျက်သိမ်းလိုက်ပြီ၊ လူနာများ ဆရာဝန်နှင့် တိုက်ရိုက်ကုသသော စနစ်တွင် ပိုမိုပြသနိုင်ပြီ" "တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခုတွင် COVID-19 လူနာများ ပိုမိုပြသနိုင်ရန် နေ့စဉ် မနက် (၈) နာရီမှ ည (၈) နာရီအထိ အချိန်တိုးမြှင့်"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ တယ်လီကျန်းမာဆေးခန်းကို (၁၉-၆-၂၀၂၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
တယ်လီကျန်းမာဆေးခန်းတွင် ဝင်ရောက်ပြသနိုင်ရန် (က) လူနာများ တိုက်ရိုက်ပြသနိုင်သော တယ်လီကျန်းမာဆေးခန်း နှင့် (ခ) Booking ယူပြသနိုင်သော တယ်လီကျန်းမာဆေးခန်းဟူ၍ ဆေးခန်း (၂) ခန်းရှိခဲ့သည်။ယခုအခါ Booking စနစ်ထက် တိုက်ရိုက်ပြသသော စနစ်သည် လူနာများအတွက် ပိုမိုအဆင်ပြေကြောင်း တွေ့ရှိရသည့်အတွက် Booking ယူပြသသော စနစ်ကို ဖျက်သိမ်းလိုက်ပါပြီ။ တိုက်ရိုက်စနစ်အတွက် ဆရာဝန်အင်အားလည်း တိုးမြှင့်ထားပြီးပါပြီ။
မြန်မာနိုင်ငံတွင် COVID-19 တတိယလှိုင်းဖြစ်ပွားလာသည့်အတွက် NUG ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 လူနာများ သီးသန့်ကုသမှုခံယူနိုင်ရန် (၁၆-၇-၂၀၂၁) ရက်နေ့မှစတင်၍ တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခု ဖွင့်လှစ်ခဲ့သည်။ (၁၆-၇-၂၀၂၁) မှ (၄-၈-၂၀၂၁) ရက်နေ့အထိ COVID-19 လူနာ/လူနာရှင် စုစုပေါင်း (၃) သောင်းကျော် လာရောက်ပြသခဲ့ကြသည်။
အဆိုပါ တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
COVID-19 Telegram Channel 1
https://t.me/COVID19MM1
COVID-19 Telegram Channel 2
https://t.me/COVID19MM2
COVID-19 Telegram Channel 3
https://t.me/COVID19MM3
COVID-19 Telegram Channel 4
https://t.me/COVID19MM4
အဆိုပါ တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခုကို မူလက နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိသာ COVID-19 လူနာများ ဝင်ရောက်ပြသနိုင်သော်လည်း ယခုအခါ လူနာများ ပိုမိုအဆင်ပြေစွာ ပြသနိုင်ရန် (၆-၈-၂၀၂၁) ရက်မှစတင်၍ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၈) နာရီအထိ အချိန်တိုးမြှင့်လိုက်ပါပြီ။
Tele-Clinic page >> https://doxy.me/telehealthmm
အထူးကုဆရာဝန်ကြီးများနှင့်လည်း ချိတ်ဆက်ထားသည့်အတွက် လိုအပ်လျှင် တာဝန်ကျဆရာဝန်က လူနာကို တယ်လီကျန်းမာ အထူးကုဆေးခန်းများသို့ ပြန်လည်ညွှန်းပို့ပေးမည်ဖြစ်သည်။
တယ်လီကျန်းမာအစီအစဉ်အားလုံးအတွက် ပိတ်ရက် လုံးဝ (လုံးဝ) မရှိပါ။ ကုသမှု၊ တိုင်ပင်ဆွေးနွေးမှုများအားလုံးအတွက် အခကြေးငွေ တစ်ပြားတစ်ချပ်မျှလည်း ပေးစရာ၊ ကုန်ကျစရာ မလိုအပ်ပါ။ အခမဲ့ (အခမဲ့) ဖြစ်သည်။ .
အချုပ်ဆိုရလျှင် COVID-19 မဟုတ်သော လူနာများသည် တယ်လီကျန်းမာဆေးခန်း တွင် ပြသပါ။COVID-19 လူနာများသည် တယ်လီကျန်းမာ COVID-19 Telegram Channel (၄) ခုတွင် ပြသပါ။
အရေးပေါ်လူနာများ ကုသမှုခံယူရန် မသင့်တော်ပါ။
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ --- ၅ သြဂုတ် ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၅ သြဂုတ် ၂၀၂၁