Screen Time နှင့်မျက်စိကျန်းမာရေး (Video, April 2024)

ယနေ့ခေတ်ကာလမှာတော့ ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်စတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းအသုံးပြုရတာဟာ လူအများစုအတွက် နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပါတယ်။ အလုပ်ကြောင့်သုံးရတာ ဖျော်ဖြေရေးအတွက်သုံးရတာ စသဖြင့် ကွဲပြားနိုင်ပေမယ့် ဒစ်ဂျစ်တယ်မျက်နှာပြင်ကို ကြည့်တဲ့အချိန် (Screen Time) များလာတာနဲ့အမျှ မျက်စိကိုထိခိုက်စေနိုင်တာကို သတိပြုဖို့လိုအပ်ပါတယ်။ ဒီ Video လေးမှာတော့ “Screen Time များခြင်းကြောင့် မျက်စိကိုဘယ်လိုထိခိုက်စေနိုင်တယ်။ ဘယ်အချက်တွေကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်တယ်။” စတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းအသုံးပြုသူတိုင်းအတွက် သိထားသင့်တဲ့ အချက်အလက်တွေကို ဒေါက်တာဟန်နီက ဝေမျှထားပါတယ်။

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: April 27, 2024

Last updated: April 27, 2024