ကုသရေး၀န်ဆာင်မှုများ

အဓိက ကုသမှုဘာသာရပ်(၄)ခု ကို အခြေခံ၍  ကုသရေးလုပ်ငန်းများကိုဆောင်ရွက်သွားပါမည်။ သက်ဆိုင်ရာဘာသာရပ်အလိုက် ပြဌာန်းထားသည့် စံကိုက်ကုထုံးများနှင့်အညီဆောင်ရွက်မည့်လုပ်ငန်းများ ဖြစ်သဖြင့် သင်တန်းထပ်မံပေးရန် မလိုဘဲ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ လက်ရှိအသုံးပြုနေသော ကုသရေး guidelines များကို အသုံးပြုရမည်ဖြစ်ပါသည်။

ကလေးကျန်းမာရေးကုသလုပ်ငန်းများ

ကိုးကားလက်ဆွဲ guidelines များ

ဆေးပညာကုသရေးလုပ်ငန်းများ

ကိုးကားလက်ဆွဲ guidelines များ

special health care services

ခွဲစိတ်ကုသရေးလုပ်ငန်းများ

ကိုးကားလက်ဆွဲ guidelines များ

special health care services

သားဖွား၊ မီးယပ်ကုသရေးလုပ်ငန်းများ

ကိုးကားလက်ဆွဲ guidelines များ

  • Obstetrics and Gynaecology management Guideline (1st edition) by Obstetrical and Gynaecological Society (MMA) (2008)
  • Royal Collage of Obstetrics and Gynaecology (2008)

လက်တွေ့အကောင်အထည်ဖော်ဆောင်မှု

လက်ရှိအာဏာသိမ်းမှုအကျပ်အတည်းအရကျန်းမာရေး၀န်ဆောင်မှုများကိုအကောင်အထည်ဖော်သည်။

တယ်လီဖုန်းဖြင့် ဆွေးနွေးကုသမှုပေးခြင်း

  • အမိန်အာဏာ ဖီဆန် ခြင်း လှုပ်ရှားမှုပြုလုပ်နေသာ ဘွဲ့လွန်ဆရာဝန်များအပါအဝင် ကုသရေးဆရာဝန်များ၊ ပြည်သူ့ ကျန်းမာရေးဆရာဝန်များ၊ တိုင်းရင်းသား  ကျန်းမာ‌ရေးအဖွဲ့များတွင် အလားတူ  ကုသ‌ရေး၀န်ဆောင်မှုပေးနေသော ကျန်းမာရေး ဝန်ထမ်းများ ဖြစ်ကြပြီး ဒေသ အလိုက် လက်ခံ ဆွေးနွေး ကုသသွားမည် ဖြစ်ပါသည်။

တယ်လီဖုန်းဖြင့် အတိုင်ပင်ခံ၍ ကုသမှုပေးခြင်း

  • အတိုင်ပင်ခံ၍ကုသမှုပေးမည့်အထူးကုဆရာဝန်သည် အမိန့်အာဏာ ဖီဆန်ခြင်းလှုပ်ရှားမှုပြုလုပ်နေသော အထူးကုဆရာဝန်များ၊ ဘွဲ့လွန်တက်ရောက် ပြီးသော ဆရာဝန်များဖြစ်ပါသည်။

မိုဘိုင်းကျန်းမာရေးဝန်ဆောင်မှုများ

  • ဒေသဆိုင်ရာကျန်းမာရေးစီမံခံ့ခွဲမှုအဖွဲ့သည် လုပ်ငန်းဆောင်ရွက် နိုင်သည့် အင်အား၊ အရင်းအမြစ်၊ လုံခြုံရေးအခြေအနေပေါ်တွင်မူတည် ၍ ကြားကာလအုပ်ချုပ်ရေး အဖွဲ့နှင့်ပူးပေါင်းကာ အထိုင်ပရဟိတဆေးခန်းများ၊ ရွေ့လျားဆေးကုသမှုဆေးခန်းများတွင် ပြင်ပလူနာဆရာဝန်/ဂျီပီဆရာဝန်များ၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ အခြားဝန်ထမ်းများဖြင့် ကုသမှူပေးခြင်များကို အလျဉ်းသင့်သလိုစီစဉ် ရပါမည်။

နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၂၁ မေ ၂၀၂၁