Maxillo-facial အထူးကုနှင့်ပြသနိုင်ကြောင်းကြေငြာခြင်း

* NUG MOH တယ်လီကျန်းမာအွန်လိုင်းဆေးခန်းတွင် တယ်လီကျန်းမာ Messenger Bot (m.me/telehealthmm) မှတဆင့် မျက်နှာမေးရိုးခွဲစိတ် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်*

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ တယ်လီကျန်းမာ အွန်လိုင်းဆေးခန်း (https://facebook.com/telehealthmm) တွင် လူနာများအခမဲ့ ကုသမှုခံယူရာ၌ ပိုမိုလွယ်ကူအဆင်ပြေစေရန် တယ်လီကျန်းမာ Messenger Bot (m.me/telehealthmm) ကို  (၂၄-၉-၂၀၂၁) ရက်နေ့မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။

အထွေထွေရောဂါလူနာများနှင့် COVID-19 ရောဂါလူနာများသည် တယ်လီကျန်းမာ Messenger Bot မှတစ်ဆင့် နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၈) နာရီမှ ညနေ (၆) နာရီအတွင်း အခမဲ့ တိုင်ပင်ကုသ နိုင်မည်ဖြစ်ပါသည်။အထူးကုဆရာဝန်ကြီးများနှင့် ဆက်လက်ပြသရန် လိုအပ်သော လူနာများကိုလည်း အထူးကု ရောဂါအမျိုးအစား (၁၄) မျိုးအထိ ဆက်လက်တိုင်ပင်ကုသနိုင်ရန် စီစဉ်ထားခဲ့ပါသည်။

ယခု အခါ ၎င်းအထူးကုရောဂါအမျိုးအစား (၁၄) မျိုးအပြင် မျက်နှာ မေးရိုး အနုစိတ်ခွဲစိတ်ပြုပြင်ခြင်း ကို ထပ်တိုး တိုင်ပင်ဆွေးနွေးကုသမှုခံယူနိုင်ပါပြီ။ ၎င်းတို့မှာ_ မျက်နှာပိုင်းဆိုင်ရာ ထိခိုက်ဒါဏ်ရာများ နှင့် မျက်နှာရိုး ကျိုးခြင်းများ-နှုတ်ခမ်းကွဲ အာခေါင်ကွဲများ-မျက်နှာပိုင်းနှင့် အာခံတွင်း အနာများ /အလုံးအကျိတ်များ-ခွဲစိတ်ရန်လိုသော အရေပြားကင်ဆာရောဂါများ-မီးလောင်ဒဏ်ရာများ-မီးလောင်ခြင်းကြောင်း နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် အနာရွတ်များ-မကျက်သည့် အနာများ ဥပမာ-အိပ်ရာနာ-အသားအစားထိုးရန် လိုအပ်သော အနာများ-ပြုပြင်ရန်လိုအပ်သော အနာရွတ်များ-မျက်နှာအသေးစိတ် ပြုပြင်ခြင်းများ ဥပမာ- မျက်ခွံ ပြုပြင်ခြင်း, နှာခေါင်းပြုပြင်ခြင်း စသည်-ရင်သား အစားထိုးကုသခြင်းများ တို့အတွက် တိုင်ပင်ဆွေးနွေးကုသမှု ခံယူနိုင်ပါပြီ။* အွန်လိုင်းမှ ကုသမှုပေးခြင်းဖြစ်ပါသဖြင့် ခွဲစိတ်ကုသမှုကိုဝန်ဆောင်မှုမပေးနိုင်သေးပါ၊ အခမဲ့ တိုင်ပင် ဆွေးနွေးကုသခြင်း ဝန်ဆောင်မှု ပေးသွားပါမည်*

“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၄ အောက်တိုဘာ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၄ အောက်တိုဘာ ၂၀၂၁