စိတ်ကျန်းမာရေးအထူးကုနှင့်ပြသနိုင်ကြောင်းကြေငြာခြင်း

* NUG MOH တယ်လီကျန်းမာအွန်လိုင်းဆေးခန်းတွင် စိတ်ကျန်းမာ​ရေး အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ* (၁၂-၁၁-၂၀၂၁)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ တယ်လီကျန်းမာ အွန်လိုင်းဆေးခန်း (https://facebook.com/telehealthmm) တွင် လူနာများအခမဲ့ ကုသမှုခံယူရာ၌ ပိုမိုလွယ်ကူအဆင်ပြေစေရန် တယ်လီကျန်းမာ Messenger Bot (https://m.me/telehealthmm) ကို  (၂၄-၉-၂၀၂၁) ရက်နေ့မှစတင်၍ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

အထွေထွေရောဂါလူနာများနှင့် COVID-19 ရောဂါလူနာများသည် တယ်လီကျန်းမာ Messenger Bot မှတစ်ဆင့် နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၈) နာရီမှ ညနေ (၆) နာရီအတွင်း အခမဲ့ တိုင်ပင်ကုသနိုင်မည်ဖြစ်ပါသည်။

အောက်ပါလက္ခဏာများခံစားနေရပါက စိတ်ကျန်းမာရေးဆရာဝန်နှင့် သွားရောက်ပြသခြင်းဖြင့် ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။

  • နေ့စဉ်ဘဝအပြောင်းအလဲများနှင့်လိုက်လျောညီထွေဖြစ်ရန်ခက်ခဲနေခြင်း
  • စိတ်ပူပန်သောကနှင့်စိုးရိမ်မှုခံစားနေရခြင်းများ
  • ကာလကြာရှည်စွာစိတ်ဓာတ်ကျနေခြင်း 
  • မိမိကိုယ်ကိုအဆုံးစီရင်လိုသောအတွေးများရှိနေခြင်း
  • မိမိကိုယ်ကိုနာကျင်အောင်လုပ်ခြင်း
  • အတွေးလွန်ခြင်း
  • စိတ်အာရုံခြောက်ခြားခြင်း၊ စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း
  • အရက်သေစာနှင့်မူးယစ်စေတတ်သောအရာများကို အထိန်းအကွပ်မရှိ အလွန်အကျွံသုံးစွဲခြင်း
  • မိမိ၏ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်နှင့် ပတ်သက်၍ အလွန်အမင်း စိတ်ဖိစီးနေခြင်း စိတ်မလုံခြုံမှုများခံစားနေရခြင်း
  • အာရုံစူးစိုက်မှုအားနည်းခြင်း 

တို့အတွက် တိုင်ပင်ဆွေးနွေးကုသမှု ခံယူနိုင်ပါပြီ။

အထူးကုဆရာဝန်ကြီးများနှင့်ဆေးခန်းပြသရန်ဘိုကင်ရက်ချိန်းရယူထားသောလူနာများအနေဖြင့် ၊ ချိန်းဆိုထားသော အချိန်ထက် ၁၅ မိနစ်နောက်ကျပါက (အခြားလူနာများအတွက် အချိန်ပေးနိုင်ရန်) ထိုဘိုကင်အား ပယ်ဖျက်မည်ဖြစ်ပါသည်။

* အွန်လိုင်းမှ အခမဲ့ တိုင်ပင် ဆွေးနွေးကုသခြင်း ဝန်ဆောင်မှု ပေးသွားပါမည်*

တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းသို့ ဆက်သွယ်ရန် – https://m.me/telehealthmm

“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၁၂ နိုဝင်ဘာ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၂ နိုဝင်ဘာလ ၂၀၂၁