ကျောက်ကပ်အထူးကုနှင့်ပြသနိုင်ကြောင်းကြေငြာခြင်း

“တယ်လီကျန်းမာအွန်လိုင်းဆေးခန်းမှာ ကျောက်ကပ် ​ကျန်းမာရေးပြဿနာများလည်း တိုင်ပင်ဆွေးနွေးနိုင်ပြီ (၁၄-၁၁-၂၀၂၁)”

ကျောက်ကပ်အထူးကုသမားတော်ကြီးနှင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း

============================

တယ်လီကျန်းမာအွန်လိုင်းဆေးခန်းများတွင် လူနာများအား အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်ရန် စီစဥ်ဆောက်ရွက်ပေးလျက် ရှိပါသည်။
လူနာများအနေဖြင့် အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားနေရပါက (တယ်လီကျန်းမာအထွေထွေရောဂါကုဆေးခန်းများတွင် ဦးစွာတိုင်ပင်ပြီး) ကျောက်ကပ်အထူးကုဆရာဝန်ကြီးများနှင့် ဆက်လက်ပြသနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ကျောက်ကပ်အထူးကုသမားတော်နှင့် တိုင်ပင်ကုသသင့်သည့် ရောဂါလက္ခဏာများ ” 

(၁) ဆီးအမြှုပ်ထခြင်း
(၂) ဆီးထဲတွင် သွေးပါခြင်း / ပရိုတင်းဓါတ်များ ပါဝင်ခြင်း / အယ်ဗျူမင်ဓါတ်များ ပါဝင်ခြင်း
(၃) ခြေထောက်များ ဖောရောင်ခြင်း
(၄) သွေးတိုးရောဂါအား ထိန်းချုပ်ရန် ခက်ခဲနေခြင်း
(၅) ဆီးချို/သွေးချိုရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း
(၆) မကြာခဏ ဆီးကျောက်တည်ခြင်း
(၇) မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
(၈) ကျောက်ကပ်အစားထိုးလူနာများ / ကျောက်ကပ်ဆေးရသည့် လူနာများ
(၉) မျိုးရိုးလိုက်တတ်သည့် ကျောက်ကပ်ရောဂါများ ( ဥပမာ၊  ၊ ကျောက်ကပ်တွင် အရည်အိတ်များတည်ခြင်း )
(၁၀) သွေးတွင်းရှိ ဓါတ်သတ္တုများ နည်းလွန်း/များလွန်းခြင်း ( ဆိုဒီယံ ၊ ပိုတက်စီယံ ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ ဖော့စဖိတ် ၊ မဂ္ဂနီစီယံ ၊ ကယ်စီယံ )
(၁၁) သွေးအတွင်း ယူရီးယားနှင့် ခရီယတီနင်းဓါတ်ပစ္စည်း မြင့်တက်ခြင်း
(၁၂) ဟော်မုန်းကြောင့်ဖြစ်တတ်သော အရိုးရောဂါအချို့ (ဥပမာ၊  ၊ ပါရာတိုက်ရွိုက်ဟော်မုန်း နည်းလွန်း/များလွန်းခြင်း ၊ ဗီတာမင်ဒီ နည်းလွန်းခြင်း )

အထက်ပါရောဂါလက္ခဏာများ တွေ့ကြုံခံစားနေရပါက ကျောက်ကပ်အထူးကုသမားတော်နှင့် တိုင်ပင်ကုသမှုခံယူရန် လိုအပ်ပါသည်။ 

တယ်လီကျန်းမာ၏ အထွေထွေရောဂါကုဆေးခန်းများတွင် ဦးစွာပြသ၍ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများထံသို့ စနစ်တကျလွှဲပြောင်းကုသမှု ခံယူနိုင်ပါသည်။
* ဆေးခန်းများအားလုံးမှာ စေတနာဖြင့် အခမဲ့ တိုင်ပင်ဆွေးနွေးကုသပေးခြင်းဖြစ်ပါသည်*
တယ်လီကျန်းမာ၏ Messenger မှတစ်ဆင့် နေ့စဥ် နံနက် (၈) နာရီမှ ညနေ (၆) နာရီကြား ဆေးခန်းပြသနိုင်ပါသည်။
တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းသို့ ဆက်သွယ်ရန် – https://m.me/telehealthmm

“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၁၄ နိုဝင်ဘာ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၄ နိုဝင်ဘာလ ၂၀၂၁