သင်လည်း နွေဦးကျန်းမာရေးသူရဲကောင်းတစ်ယောက် ဖြစ်နိုင်ပြီ

နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင် (Spring Healthcare Heroes - SHH) အစီအစဉ်ဟာ "ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့" ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲနေကြတဲ့ တော်လှန်ရေးရဲဘော်များနဲ့ စစ်ဘေးရှောင် ပြည်သူများကို ပင်ပန်းဆင်းရဲခံပြီး တစ်သားတည်း ဆေးကုသမှုပေးလျက်ရှိတဲ့ ကျန်းမာရေးသူရဲကောင်းဝန်ထမ်းများကို ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပါတယ်။

SHH ဟာ "ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့" ဆိုတဲ့အတိုင်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်သူများက မိမိတို့ရဲ့ ညီအကိုမောင်နှမ၊ လုပ်ဖော်ကိုင်ဖက်များဖြစ်တဲ့၊ မြေပြင်မှာ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်သူများကို ပံပိုးကူညီသွားမှာဖြစ်ပါတယ်။

သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်သူများသာမက ပြည်သူလူထုများကပါ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်သူများကို ပံပိုးကူညီလိုပါကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။

Member ကြေးကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀ နှုန်း သတ်မှတ်ထားပြီး မိမိ ထည့်ဝင်နိုင်သလောက် ၃ လ၊ ၆ လ၊ ၁ နှစ် အထိ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပါတယ်။

မိမိထောက်ပံ့လိုတဲ့ ရဲဘော်ရဲဘက် အရေအတွက်အလိုက် SHH အဖွဲ့ဝင်ကတ်များ ဝယ်ယူနိုင်ပါတယ်။ ဥပမာ အလှူရှင်တစ်ဦးအနေနဲ့ လစဉ် SHH အဖွဲ့ဝင်ကတ် (၁၀) ကတ် ဝယ်ယူထားပါက ကျန်းမာရေးစောင့်ရှောက်သူ (၁၀) ဦးကို လစဉ်တာဝန်ယူ၊ ထောက်ပံ့ပေးနေတဲ့သဘော ဖြစ်ပါတယ်။

✨နိုင်ငံအလိုက် SHH Agent များ✨

❗ Telegram accounts

Myanmar – @Kiki_cdmmn
Myanmar – @nangwei010
Singapore – @Dahlia_Mya
Brunei – @Aeolus_7
Australia – @SHH_Australia_St
Australia – @Lavender_Spring
New Zealand – @SHH_NZ
UK – @UK2MYANMARSHH
UK – @metta4
UK – @YANKIN_THAR
UK – @n5n3o
UK – @FriendsofMyanmar
UK – @springcyrstal
USA – @PhoenixEndo
USA – @Auntyaa
Canada – @KSTOCA
Jamaica – @TelehealthMM_greentea
Jamaica – @JDonut999
Global (Mainly Japan) – @KM_OTO

❗ Facebook Pages

Global (Mainly Japan) – One-to-One CDM Campaign
https://facebook.com/OneToOneCDMCampaign/

Myanmar – CDM Medical Network
https://www.facebook.com/cdmmn

Click to download Pamphlet

Click to download PDF file

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၁၂ ဩဂုတ် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၂ ဩဂုတ် ၂၀၂၂