မိမိကိုယ်ကို သတ်သေခြင်းဖြစ်စဉ်များကို ကြိုတင်ကာကွယ်နိုင်ရန် သိရှိထားသင့်သည့် အချက်များ (စက်တင်ဘာလ၊ ၂၀၂၂ ခုနှစ်)

အသက်သေဆုံးစေရန် မိမိကိုယ်မိမိ ရည်ရွယ်ချက်ရှိရှိ ပြုမူခြင်းကို “မိမိကိုယ်ကိုသတ်သေခြင်း (Suicide)” ဟုသတ်မှတ်သည်။ အသက်သေဆုံးစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော်လည်း အသက်သေဆုံးခြင်း မရှိပါက “သေကြောင်းကြံစည်ခြင်း (Suicide Attempt)” ဟု သတ်မှတ်သည်။

👉 နှစ်စဉ်နှစ်တိုင်း မိမိကိုယ်ကိုသတ်သေခြင်းကြောင့် လူပေါင်း (၇၀၀,၃၀၀) ကျော် သေဆုံးလျက်ရှိသည်။
👉 မိမိကိုယ်ကိုသတ်‌သေခြင်း ဖြစ်ရပ်တစ်ခုချင်းစီတိုင်း၏ နောက်ကွယ်တွင် သေကြောင်းကြံစည်ခြင်းများစွာရှိသည်။ ယခင်က သေကြောင်းကြံစည်ခြင်းများ ရှိခဲ့ဖူးခြင်းသည် မိမိကိုယ်ကိုသတ်သေခြင်းဖြစ်ရန်အတွက် တစ်ခုတည်းသော အန္တရာယ်အကြီးဆုံး အခြင်းအရာတစ်ခုဖြစ်သည်။
👉 အသက် (၁၅) နှစ် မှ (၁၉) နှစ်အရွယ် လူငယ်များအတွင်း စတုတ္ထအများဆုံး သေဆုံးရခြင်းအကြောင်းအရင်းမှာ မိမိကိုယ်ကို သတ်သေခြင်းကြောင့်ဖြစ်သည်။
👉 ကမ္ဘာပေါ်တွင် (၇၇) ရာခိုင်နှုန်းသော မိမိကိုယ်ကို သတ်သေခြင်းများသည် ဝင်ငွေ အလယ်အလတ်နှင့် ဝင်ငွေနည်းသော နိုင်ငံများတွင် ဖြစ်ပွားသည်။

ထို့ကြောင့် အာဏာသိမ်းပြီးနောက် စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးများ အဖက်ဖက်မှ ယိုယွင်းနေသော အခြေအနေများတွင် မိမိကိုယ်ကို သတ်သေမှုများ ဖြစ်ပွားစေနိုင်သော အကြောင်းအရာများကို သတိပြုဆင်ခြင်မိကြပြီး တစ်ဦးနှင့် တစ်ဦး ပံ့ပိုးဖေးမကာကွယ်သွားကြရန် လိုအပ်ပါသည်။

🫂 မိမိကိုယ်ကို သတ်သေနိုင်ခြေများသော အခြေအနေများ

တစ်ဦးချင်းဆိုင်ရာ အခြေအနေများ

👉 ယခင်က သေကြောင်းကြံစည်ဖူးခြင်း
👉 စိတ်ကျရောဂါကဲ့သို့ စိတ်ကျန်းမာရေးပြဿနာများရှိခဲ့ဖူးခြင်း
👉 ကာလကြာရှည် နာကျင်မှုခံစားရခြင်းကဲ့သို့ ပြင်းထန်ရောဂါများရှိခြင်း
👉 အမှုအခင်း/တရားဥပဒေဆိုင်ရာ ပြဿနာများရှိခြင်း
👉 အလုပ်လက်မဲ့ဖြစ်ခြင်း၊ ငွေကြေးဆုံးရှုံးခြင်း စသည့် စီးပွားရေးပြဿနာများရှိခြင်း
👉 စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ခြင်း (သို့မဟုတ်) ရန်မူတတ်ခြင်း
👉 အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါများကို အလွန်အကျွံ သုံးစွဲခြင်း
👉 လတ်တလော (သို့မဟုတ်) ယခင်က ကလေးဘဝ ဆိုးရွားသော အတွေ့အကြုံများ ရှိခြင်း
👉 မျှော်လင့်ချက်မဲ့သည်ဟု ခံစားနေရခြင်း
👉 အကြမ်းဖက်ခံရခြင်း (သို့မဟုတ်) ပြစ်မှုကျူးလွန်ခြင်း

လူမှုဆက်သွယ်ရေးဆိုင်ရာ အခြေအနေများ

👉 အနိုင်ကျင့်ဗိုလ်ကျခံရခြင်း
👉 မိသားစု/ချစ်ခင်ရသူများထဲတွင် မိမိကိုယ်ကို သတ်သေသွားသူများ ရှိဖူးခြင်း
👉 လူမှုဆက်သွယ်ရေး ဆုံးရှုံးခြင်း
👉 လူမှုဆက်သွယ်ရေးတွင် အငြင်းပွားမှု (သို့မဟုတ်) အကြမ်းဖက်မှု မြင့်မားခြင်း
👉 လူမှုပတ်ဝန်းကျင်မှ တစ်ဦးတည်း ကွဲထွက်နေခြင်း

လူမှုအဝန်းအဝိုင်းဆိုင်ရာ အခြေအနေများ

👉 ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်း
👉 လူမှုအဝန်းအဝိုင်းတွင် မိမိကိုယ်ကို သတ်သေသူ များပြားနေခြင်း
👉 မတူညီသော ယဉ်ကျေးမှုထုံးတမ်းများကို ပြောင်းလဲလက်ခံရခြင်းကြောင့် ဖိအားများရှိခြင်း
👉 လူမှုအဝန်းအဝိုင်းအတွင်း အကြမ်းဖက်မှုများရှိခြင်း
👉 ခေတ်အဆက်ဆက် ဖိနှိပ်အကြမ်းဖက်ခံရမှုများကြောင့် မျိုးဆက်သစ်များတွင် စိတ်ဒဏ်ရာရရှိခြင်းး
👉 နှိမ်ချခွဲခြားဆက်ဆံခံရခြင်း

လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ

👉 အကူအညီရယူခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာများတွင် နှိမ်ချခွဲခြားဆက်ဆံခံရမည်ကို ကြောက်ရွံ့ခြင်း
👉 မိမိကိုယ်ကို သတ်သေနိုင်သည့် အန္တရာယ်ရှိသူများတွင် အသက်သေဆုံးစေသောနည်းလမ်းများကို အလွယ်တကူရရှိနိုင်ခြင်း
👉 မိမိကိုယ်ကို သတ်သေခြင်းသတင်းများကို သတင်းမီဒီယာများက ဘေးကင်းစွာဖော်ပြနိုင်စွမ်း မရှိခြင်း

🫂 မိမိကိုယ်ကို သတ်သေခြင်းများကို ကာကွယ်တားဆီးရန် သတိပြုဆောင်ရွက်ရမည့်အချက်များ

တစ်ဦးချင်းဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များ

👉 ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းမြှင့်တင်ခြင်း
👉 ရှင်သန်နေထိုင်ရန် အကြောင်းပြချက်များ ရှာဖွေခြင်း (ဥပမာ – မိသားစု၊ သူငယ်ချင်းများ၊ အိမ်မွေးတိရစ္ဆာန်များ စသည်)
👉 မိမိ၏ ယဉ်ကျေးမှုဓလေ့အစဉ်အလာများကို အခိုင်အမာယုံကြည်မှုရှိခြင်း

လူမှုဆက်သွယ်ရေးဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များ

👉 လက်တွဲဖော်၊ သူငယ်ချင်းများနှင့် မိသားစုဝင်များက ကူညီပံ့ပိုးပေးခြင်း
👉 အခြားသူများနှင့် ဆက်သွယ်မှုရှိသည်ဟု ခံစားရစေခြင်း

လူမှုအဝန်းအဝိုင်းဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များ

👉 ကျောင်း၊ လူမှုအဝန်းအဝိုင်း၊ အခြားလူမှုအဖွဲ့များနှင့် ဆက်သွယ်မှုရှိသည်ဟု ခံစားရစေခြင်း
👉 ခန္ဓာကိုယ်နှင့် အမူအကျင့်ဆိုင်ရာ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပုံမှန်ရယူနိုင်စေခြင်း

လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များ

👉 မိမိကိုယ်ကို သတ်သေနိုင်သည့် အန္တရာယ်ရှိသော သူများအနေဖြင့် အသက်သေဆုံးစေသောနည်းလမ်းများကို အလွယ်တကူ မရရှိနိုင်အောင် ဆောင်ရွက်ခြင်း
👉 ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ကိုယ့်ကျင့်တရားခံယူချက်များအရ မိမိကိုယ်ကို သတ်သေခြင်းများကို ကန့်ကွက်ဆန့်ကျင်ခြင်း

🫂 သတိပြုစောင့်ကြည့်ရမည့် အချက်များ

အကယ်၍ တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို သတ်သေနိုင်သည့် အန္တရာယ်ရှိနေပါက အောက်ပါအချက်များကို သတိပြုစောင့်ကြည့်ပေးရန် လိုအပ်ပါသည်။

👉 မိမိသည် အခြားသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ဟု ပြောခြင်း
👉 သီးခြားခွဲထွက်နေခြင်း
👉 စိတ်ပူပန်မှု များလာခြင်း
👉 လှောင်ပိတ်သည်ဟု ခံစားရကြောင်းပြောခြင်း (သို့မဟုတ်) မခံမရပ်နိုင်အောင် နာကျင်သည်ဟု ပြောခြင်း
👉 အရက်၊ မူးယစ်ဆေးဝါးကဲ့သို့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ပိုမို သုံးစွဲလာခြင်း
👉 အသက်အန္တရာယ်ထိခိုက်စေသော နည်းလမ်းများကို ရရှိနိုင်ရန် ကြိုးပမ်းခြင်း
👉 ဒေါသကြီးလာခြင်း
👉 စိတ်အတက်အကျ အလွန်မြန်ခြင်း
👉 မျှော်လင့်ချက်ကင်းမဲ့သည်ဟု ဖော်ပြလာခြင်း
👉 အိပ်ချိန် အလွန်နည်းခြင်း (သို့မဟုတ်) အလွန်များခြင်း
👉 Talking or posting about wanting to die
👉 အသက်သေဆုံးလိုကြောင်း ပြောဆိုခြင်း သို့မဟုတ် လူမှုကွန်ရက် (Facebook) တွင် ပို့စ်တင်ခြင်း
👉 မိမိကိုယ်ကိုသတ်သေရန် အစီအစဉ်များ ချခြင်း

မှီငြမ်း
https://www. cdc. gov/suicide/factors/index.html

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၂ အောက်တိုဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂ အောက်တိုဘာ ၂၀၂၂