သင့်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါရှိနေတယ်လို့ သံသယဝင်နေပါသလား ?
အသက်ရှူရခက် ၊ ချောင်းဆိုးသွေးပါ ၊ သလိပ်ထွက်…အဆုတ်ရောင်ဝေဒနာများ ခံစားနေရပါသလား ?
ကိုဗစ်ဖြစ်ပြီး နာတာရှည်ချောင်းဆိုး မောဟိုက် ၊ အသက်ရှူကြပ်လက္ခဏာများ ရက်လရှည် ခံစားနေရပါသလား ?
တယ်လီကျန်းမာရဲ့ အဆုတ်ရောဂါ အခမဲ့အွန်လိုင်းဆေးခန်းမှာ ပြသလို့ ရပါပြီ
အပတ်စဥ် စနေ ၊ တနင်္ဂနွေတိုင်းမှာ ညနေ (၇)နာရီခွဲမှ ည(၉)နာရီအထိ ရင်ခေါင်းအထူးကုဆရာဝန်က ကြည့်ရှူကုသပေးနေပါတယ်
***ပြသသင့်တဲ့လူနာတွေကတော့
– နာတာရှည် မောဟိုက်နေသူများ
– ချောင်းဆိုး သွေးပါနေသူများ
– ပန်းနာရင်ကြပ်ရောဂါသည်များ
– ဆေးလိပ်ဖြတ်ရန် တိုင်ပင်ဆွေးနွေးလိုသူများ
– ဆေးလိပ်ရက်ရှည်လများ သောက်သုံးထားပြီး အဆုတ်ကင်ဆာရောဂါရှိ/မရှိ တိုင်ပင်ဆွေးနွေး စစ်ဆေးလိုသူများ
– ကိုဗစ်ရောဂါဖြစ်ပြီး နောက်ဆက်တွဲလက္ခဏာဝေဒနာ ခံစားနေရသူများ
– Chronic Obstructive Pulmonary Disease ( COPD ) နာတာရှည် အဆုတ်ရောင် အဆုတ်ပွရောဂါသည်များ
– အဆုတ်ဓါတ်မှန် ၊ ကွန်ပြူတာဓါတ်မှန်မှာ မသင်္ကာစရာ အဖြေ/ အလုံး/အကြိတ် တွေ့ရှိသူများ…..စသည်တို့ ဖြစ်ပါတယ်။
*** အထွေထွေရောဂါကုဆေးခန်းများမှာ ဦးစွာပြသရမှာဖြစ်ပြီး ၊ လိုအပ်သောလူနာများကိုသာ အထူးကုဆေးခန်းများသို့ ညွှန်းပို့လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ် *** NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )ကြိုတင်ဘိုကင်ယူရန်( https://m.me/telehealthmm )
ချက်ချင်းဆေးခန်းပြရန် ( https:/t.me/TelehealthMM )
လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

ထုတ်ဝေသည့်နေ့စွဲ ၁၅ ဧပြီ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ... ၁၅ ဧပြီ ၂၀၂၂