“ဘယ်နေရာရောက်ရောက် ရွှေမြန်မာတို့အတွက် အသင့်ရှိနေမှာ တယ်လီကျန်းမာ“
” မောင်ဇော်ရေ ငါ့ကိုတစ်ဖက်လောက် ကူပါဦးဟ။ ဒီသေတ္တာလေး ငါ တစ်ယောက်တည်း မနိုင်လို့ “
” ဟုတ် … လာပြီ၊ ကိုထွန်း “
” ကဲ … မ လိုက်ရအောင်၊ တစ် နှစ် သုံး “
” အာ့ “
” ဟာ … ကိုထွန်း ဘာဖြစ်သွားတာတုန်း? “
” ခါးနည်းနည်း မျက်သွားတာပါ။ ကိစ္စမရှိပါဘူး “
ကိစ္စမရှိပါဘူးဆိုသော်လည်း ထိုနေ့တစ်လျှောက်လုံး ကိုထွန်းတစ်ယောက် ခါးနာတာက မသက်သာ။ ပိုဆိုးလို့သာ လာသည်။ သည်းခံပြီး အလုပ်ချိန်ပြည့်အောင် ဆက်လုပ်နေရသော်လည်း နားချင်လှပြီ။
ညနေ အလုပ်ပြီးချိန်ရောက်တော့ ကိုထွန်း မတ်မတ် မရပ်နိုင်တော့။ ကုန်းကုန်းကွကွ ဖြစ်နေပြီ။
” မောင်ဇော်ရေ … ငါတော့ တစ်ရက်နှစ်ရက်လောက် နားမှ ဖြစ်တော့မယ်နဲ့ တူတယ်။ ငါ့ကို ခွင့်တိုင်ပေးဦးဟ။ ငါ ထိုင်းလို သိပ်မပြောတတ်သေးဘူး “
” ဟုတ် ကိုထွန်း … နားပါဗျ။ စိတ်ချ အာစရိကို ကျွန်တော်ပြောထားလိုက်မယ်။ ကျွန်တော်လည်း ထိုင်းလို အကျွမ်းကြီးတော့ မဟုတ်သေးပေမယ့် ခွင့်တိုင်တာလောက်ကတော့ ရပါတယ် “
” အေး အေး … ကျေးဇူးပါကွာ
ခေါ့ပ်ခွန်း ခေါ့ပ်ခွန်း (ကျေးဇူးတင်သည်ကို ထိုင်းဘာသာစကားဖြင့် ပြောသည်)
အဲ့တစ်လုံးတော့ တတ်ပါတယ်ကွ … ဟဲ ဟဲ
ကဲ လစ်ပြီဟေ့ “
xxxxxxxxxxxxxxxxxxxxxxxxxxxxx
တစ်ရက် နှစ်ရက်လောက် နားမယ်ပြောတဲ့ ကိုထွန်းတစ်ယောက်၊ (၃) ရက်မြောက်တဲ့အထိ အလုပ်ထဲ ပြန်ပေါ်မလာ။
မဖြစ်သေးပါဘူး၊ သတင်းလေးတော့ မေးဦးမှပါဆိုပြီး မောင်ဇော်တစ်ယောက် ကိုထွန်းနေထိုင်ရာ အဆောင်သို့ ရောက်ချလာတဲ့အခါမှာတော့ …
” ဟာ … ကိုထွန်း
ကွေးလိုက်ဆန့်လိုက်နဲ့ ဘာတုန်း၊ လေ့ကျင့်ခန်းတွေ လုပ်နေတာလားဗျ ?
ကြည့်ကျက်လုပ်ဦးနော် … တော်ကြာ ခါးနာတာမသက်သာဘဲ အောက်ပိုင်းသေသွားဦးမယ် … အဟဲ “
” ဟား ဟား … ငထွန်းကို အချဉ်များမှတ်နေလား မောင်ဇော်ရာ။ ဆရာဝန်နဲ့ သေချာပြပြီးမှ ညွှန်ကြားတဲ့အတိုင်း လေ့ကျင့်ခန်းလုပ်နေတာကွ “
” မိုက်လှချည်လား၊ ကိုထွန်း ပိုက်ဆံတွေပေါနေတာပေါ့။ ဒီဘက်မှာ ဆေးခန်းပြရတာ ဈေးကြီးကကြီးနဲ့ကို “
” မင်းတို့က ထိုင်းကိုရောက်တာသာ ငါ့ထက်စောတာ၊ ဗဟုသုတကျ ငါ့လောက် မနှံ့စပ်ပါလားကွ … ဟေ။ ငါတို့ မြန်မာတွေကို အခမဲ့အလကား ကုပေးတဲ့ဆေးခန်းရှိတယ်ဟ “
” ဟာ … ဟုတ်လားအစ်ကို ဘယ်နားမှာ ဖွင့်တာလဲဗျ ? “
” ဘယ်နားမှာမှ မဖွင့်ဘူး။ အွန်လိုင်းကနေ အခမဲ့ဆွေးနွေးကုသပေးတာ “
” အယ် … အဲ့ကျ ဘယ်လိုကြည့်ပေးတာတုန်း ? “
” မင်းကို Video call ဖြစ်ဖြစ်၊ Voice call ဖြစ်ဖြစ် ခေါ်လိမ့်မယ်ကွာ။ ပြီးရင် ဆရာဝန်က ရောဂါရာဇဝင်တွေမေးမယ်၊ လိုအပ်ရင် ဆီးစစ် သွေးစစ် ဓာတ်မှန်ရိုက် သွားလုပ်ခိုင်းမယ်။ အဖြေရရင် သူတို့ဆီပြန်ပြ၊ ဘာဆေးသောက်ရမယ် ဘယ်လိုလုပ်ရမယ် ပြောပြမှာ “
” ဟုတ်လား … အစ်ကိုရော ဓာတ်မှန်သွားရိုက်ရသေးလား ? “
” မရိုက်ရပါဘူးကွာ။ ငါ့ကို သေချာမေးမြန်းပြီးတဲ့အခါ ကြွက်သားနဲ့ အရွတ်တွေ ရိုးရိုးဒဏ်ဖြစ်သွားပုံပဲဆိုပြီး ဆေးတွေ ဝယ်သောက်ခိုင်းတယ်၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေး ဆရာမဆီ ထပ်လွှဲတယ်။ အဲ့မှာ ငါအခုလုပ်နေတဲ့ လေ့ကျင့်ခန်းတွေက ဆရာမပြောပြတဲ့အတိုင်း လုပ်နေတာဟေ့ “
” အဲ့ မိုက်လှချည်လား … အဲ့တော့ သက်ရော သက်သာရဲ့လား ကိုထွန်း ? ကျွန်တော်က အလုပ်ထဲပေါ်မလာလို့ စိတ်ပူနေတာ “
” သက်သာတယ်ဟ။ လူက ဘာမှမဖြစ်တော့ဘူး။ ဆရာဝန်က ၃၊ ၄ ရက်လောက်တော့ နားပါဦးဆိုလို့ အလုပ်မသွားသေးဘဲ နားနေတာ “
” အဆင်ပြေလိုက်တာဗျာ ကျွန်တော်ကော ပြလို့ရမလားဗျ? ဆီးကျင် ဆီးအောင့် မကြာခဏ ဖြစ်တတ်နေလို့ … ဟီး “
” ရပါ့ဗျာ … မင့်ဖုန်းထဲမှာ Telegram နဲ့ Messenger တော့ ရှိတယ်မဟုတ်လား ? “
” ရှိတယ် အစ်ကို “
” ရှိရင် ဖေ့ဘွတ်မှာ တယ်လီကျန်းမာလို့ ရိုက်ရှာလိုက်ကွာ။ ပြီးရင် Blue Mark လေး ပါတဲ့ဟာကို ရွေး။ ပြီးရင် တယ်လီကျန်းမာရဲ့ Messenger ကိုသွားပြီး ဆေးခန်းပြချင်ကြောင်း ပြောလိုက်၊ လိုအပ်တာအားလုံး စီစဥ်ပေးလိမ့်မယ်။ ဆရာဝန်နဲ့ ပြတဲ့အခါကျရင်တော့ Telegram မှာ ပြရမှာကွ”
” ဟုတ် “
” ကျန်သေးတယ်။ မင်း တစ်နေကုန် အလုပ်လုပ်နေရလို့ မအားဘူးဆိုရင်လည်း၊ မင်းအားမယ့်အချိန် အလုပ်ပိတ်ရက်လိုမျိုး … နေ့လယ် ထမင်းစားချိန်လိုဟာမျိုးအတွက် ကြိုပြီး ဘိုကင်ယူလို့ရသေးတယ် “
” ကောင်းလိုက်တာဗျာ အတိုင်းထက်အလွန်ပဲ။ ဒါမျိုးကျ ကိုထွန်းက လျှိုထားသကိုး … စောစောကတော့ မပြောဘူး “
” စကားမစပ်မိလို့ပါကွာ။ ငါ့အသိတွေကိုတော့ ကြုံရင် ပြောဖြစ်ပါတယ်။ အခု ထိုင်းရောက်နေတဲ့ သူငယ်ချင်းတွေရော၊ ရွာမှာကျန်ခဲ့တဲ့ ငါ့အမျိုးတွေရော တစ်ခုခုဆိုရင် တယ်လီကျန်းမာနဲ့ အဆင်ပြေနေကြပြီ။ မင်းလည်း မင့်အသိတွေကို မျှဝေလိုက်ဦးပေါ့ကွာ “
” ဟုတ် ဟုတ် ကိုထွန်း
လောလောဆယ်တော့ ကျွန်တော်အရင် ဆေးခန်းပြလိုက်ဦးမယ် … အဟီး
ကျေးဇူးပါ
ခေါ့ပ်ခွန်း ခေါ့ပ်ခွန်း
လစ်ပြီဗျို့ “
” ကြွ … ကြွ …”
NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
xxxxxxxxxxxxxxxxxxxxxxxxxxxxx
တယ်လီကျန်းမာဆေးခန်းများဟာ အပြင်မှာ ဖွင့်လှစ်ထားတာမဟုတ်ဘဲ အွန်လိုင်း (Telegram) ကတစ်ဆင့် အထွေထွေရောဂါကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးရမှာပါ။ လိုအပ်ရင် အထူးကုဆရာဝန်ကြီးများနဲ့ ဆက်လက်ဆွေးနွေးခွင့် ရမှာပါ။
ဆွေးနွေးကုသမှုအားလုံးကို အခမဲ့ (အခမဲ့) ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်
( Telegram app လေး မိမိဖုန်းထဲမှာ ရှိဖို့ပဲ လိုတာပါ )
ဆေးခန်းပြဖို့အတွက် ကြိုတင်ဘိုကင်ယူမယ်ဆိုရင်တော့ တယ်လီကျန်းမာရဲ့ Messenger မှာ မိမိရဲ့ အမည်၊ အသက်၊ နေထိုင်ရာ မြို့နယ်ကို စာရင်းပေးသွင်းပြီး ဘိုကင်ယူနိုင်ပါတယ်။
ရောဂါအခြေအနေအရ ကြိုတင်ဘိုကင်မယူဘဲ ချက်ချင်းဆေးခန်းပြလိုသူတွေကတော့ တယ်လီကျန်းမာရဲ့ “တန်းစီဆေးခန်း” မှာ တိုက်ရိုက်ပြသလို့ ရပါတယ်။
*** အထူးသတိပြုရမှာကတော့ ဖော်ပြပါဝန်ဆောင်မှုတွေဟာ ပိတ်ရက်မရှိ နေ့စဥ် မနက် (၈) နာရီမှ ညနေ (၆) နာရီအထိပဲ ဖြစ်ပါတယ် ***
မမေ့နဲ့နော် …
ဘိုကင်ယူရန်အတွက်
https://m.me/telehealthmm ကို နှိပ်ပါ
ချက်ချင်းဆေးခန်းပြရန်အတွက်
https://t.me/TelehealthMM ကို နှိပ်ပါ
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ ၁ ဇွန် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၁ ဇွန် ၂၀၂၂