တယ်လီဖုန်းဖြင့် ဆွေးနွေးကုသမှုပေးခြင်း
MoH NUG ၏ ပြင်ပ ဆရာ၀န်များမှ တယ်လီဖုန်းလိုင်း ၊ အင်တာနက်လိုင်းများ အသုံးပြု၍ ပြင်ပလူနာ ကုသမှုများဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ လွှဲပြောင်းကုသရန် လိုအပ်သောလူနာများကို အထူးကုဆရာ၀န်ထံ တယ်လီဖုန်းဖြင့် အတိုင်ပင်ခံ၍ ကုသမှုခံယူနိုင်ရန် လွှဲပြောင်းပေးမည်ဖြစ်ပါသည်။
တယ်လီဖုန်းဖြင့် အတိုင်ပင်ခံ၍ ကုသမှုပေးခြင်း
အထူးကု ဆရာ၀န်များသည် ဒေသအလိုက် ၊ ပြင်ပဆရာ၀န် အလိုက်လွှဲပြောင်းပေးလိုက်သော လူနာများကို ဆွေးနွေးလက်ခံ ကုသပေးသွမည်ဖြစ်ပါသည်။ အကယ်၍လူကိုယ်တိုင်စမ်းသပ်ကြည့်ရှုရန်လိုအပ်သော လူနာ၊ ခွဲစိတ်ရန်လိုအပ်သောလူန်များကို အမြန်ဆုံးနှင့် အလုံခြုံဆုံး ကို စီမံ၍ ဆက်လက်၀န်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။
လူနာများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ တယ်လီကျန်းမာအစီအစဉ်တွင် ကုသမှု ခံယူနိုင်ရန် အသေးစိတ်အစီအစဉ်အချက်အလက်များကို Facebook Page - “တယ်လီကျန်းမာ - MoH, NUG of Myanmar” -
https://facebook.com/telehealthmm.
တယ်လီကျန်းမာအစီအစဉ်တွင် ကုသမှုခံယူမည့် လူနာအနေဖြင့် -
၁။ အင်တာနက်ရှိရန် လိုအပ်ပါမည်။
အောက်ပါအင်တာနက်လိပ်စာတွင် ဆရာဝန်နှင့်ကုသမှုခံယူနိုင်ရန် တိုကင်ယူတန်းစီရပါမည်။
https://doxy.me/telehealthmm.
၃။ ဆရာဝန်က တန်းစီလူနာများအနက် တစ်ဦးချင်းစီကို အစဉ်လိုက်ခေါ်ယူ၍ အကြံဉာဏ်နှင့် ကုသမှုများ ပေးအပ်မည်ဖြစ်ပါသည်။
၄။ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီအတွင်း ကုသမှုခံယူနိုင်မည်ဖြစ်ပါသည်။ ပိတ်ရက်မရှိပါ။
၅။ ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို အောက်ပါ "တယ်လီကျန်းမာ - MoH, NUG of Myanmar” Facebook Page တွင် ဆက်လက်ကြော်ငြာပေးပါမည်။
https://facebook.com/telehealthmm.
၆။ အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သူများအနေဖြင့် ယခုတယ်လီကျန်းမာအစီအစဉ်တွင် အကြံဉာဏ် ရယူရန် မသင့်တော်ပါ။
၇။ ကုသမှုအားလုံးသည် အခမဲ့ဖြစ်ပါသည်။
MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ။

MOH တယ်လီကျန်းမာ ပြက္ခဒိန် ၂၀၂ ၂
သင့်ရဲ့ ၂၀၂ ၂ ခုနှစ်ကို ကျွန်ုပ်တို့၏ ပြက္ခဒိန်ဖြင့် အစီအစဉ်ဆွဲပါ။
တယ်လီကျန်းမာ အရင်းအမြစ်များ
အောက်ပါအကြောင်းအရာတစ်ခုစီအတွက် သတင်းအချက်အလက်များ၊ ဗီဒီယိုများနှင့် ပိုစတာများကို စုစည်းတင်ပြထားပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
တယ်လီကျန်းမာ သတင်းများ
ကျန်းမာရေး၀န်ကြီးဌာန၏လုပ်ဆောင်ချက်များမှနောက်ဆုံးရသတင်းများကို ဖော်ပြထားပါသည်။
ဘဝအမောတွေ ခဏတာ ပြေစေဖို့ တယ်လီကျန်းမာ အလွွဲများ
အလွဲလေးတွေ ဟာသလေးတွေဆိုတာ လူတိုင်းကြုံဖူးကြမှာပါ။ ဆေးရုံဆေးခန်းတွေမှာ ဆရာဝန်/လူနာ အလွဲဟာသလေးတွေ ရှိတတ်သလို အခုလို အွန်လိုင်းကနေ အခမဲ့ကုသပေးချိန်မှာလည်း အလွဲလေးတွေကနေ ပြေးလို့မလွတ်ခဲ့ပြန်ပါဘူး… များသောအားဖြင့် စာစီစာရိုက်မှားတာ၊ အကောင့်တွေမှားတာမျိုးဆိုပေမယ့်...
ဆက်ဖတ်ရန်𝗠𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (June,2022)
ဒီတစ်ခေါက်မျှဝေလိုတဲ့အကြောင်းအရာကတော့ အမျိုးသမီးတိုင်း သိထားသင့်တဲ့ Menopause “သွေးဆုံးကိုင်ခြင်း” ပဲဖြစ်ပါတယ်။ အမျိုးသားများလည်း မိမိရဲ့မိခင်၊ ချစ်သူ၊ ဇနီး၊ မိသားစုဝင်အမျိုးသမီးများကို စောင့်ရှောက်နိုင်ဖို့ သိထားသင့်ပါတယ်နော်။ အမျိုးသမီးတွေ အပျိုဖော်ဝင်ချိန်မှစပြီး...
ဆက်ဖတ်ရန်Acute and Chronic Pancreatitis ( မုန့်ချိုအိတ်ရောင်ခြင်း) ( June 2022 )
မုန့်ချိုအိတ်ရောင်ခြင်း ( Acute and Chronic Pancreatitis ) ( June 2022 ) မုန့်ချိုအိတ်ရောင်ခြင်းက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲ •...
ဆက်ဖတ်ရန်Genital Wart/ Anal Wart(လိင်အင်္ဂါကြွက်နို့ အကြောင်းသိကောင်းစရာ) ( June, 2022 )
လိင်အင်္ဂါကြွက်နို့ အကြောင်းသိကောင်းစရာ (Genital Wart/ Anal Wart) ( June, 2022 ) လိင်အင်္ဂါကြွက်နို့ဟာ Human papillomavirus (HPV ဗိုင်းရပ်စ်)...
ဆက်ဖတ်ရန်𝐑𝐚𝐛𝐢𝐞𝐬 𝐕𝐢𝐫𝐮𝐬 “ခွေးရူးပြန်ခြင်း” ( June, 2022 )
“ခွေးရူးပြန်ခြင်း” 𝐑𝐚𝐛𝐢𝐞𝐬 𝐕𝐢𝐫𝐮𝐬 ( June, 2022 )===================================ခွေးရူးပြန်ရောဂါဟာ Rabid (ခွေးရူးရောဂါ စွဲကပ်နေသော) တိရစ္ဆာန်တို့မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပါတယ်။ မြန်မာပြည်သူများနှင့်လည်း...
ဆက်ဖတ်ရန်စကားထစ်တဲ့ကလေး ( June, 2022 )
စကားထစ်တဲ့ကလေး အယောက် ၁၀၀ မှာ ၂၅ ယောက်လောက်က အသက်ကြီးတဲ့အထိ အကျင့်ပါသွား နိုင်ပါတယ်။ စောစောသိပြီး စောစော ပြုပြင်ပေးနိုင်ရင် အများစုက ပြန်ကောင်းသွားနိုင်ပါတယ်။ နုနယ်တဲ့ကလေးတစ်ယောက်ဘဝမှာ...
ဆက်ဖတ်ရန်