ပြည်သူများအတွက် တယ်လီကျန်းမာ ( Tele Map )

ပြည်သူများအတွက် တယ်လီကျန်းမာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနသည် နွေဦးတော်လှန်ရေးကာလအတွင်း အများပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ တယ်လီကျန်းမာ (အခမဲ့) အွန်လိုင်းဆေးခန်းများကို ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ရက်ဖြစ်သည့် (၂၀၂၁) ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

စတင်ဖွင့်လှစ်ချိန်မှစတင်၍ (၂၀၂၂) ခုနှစ်၊ မတ်လကုန်အထိ (၉) လကျော်အတွင်း လူနာပေါင်း (၇၈,၈၀၉) ဦးကို အွန်လိုင်းမှတစ်ဆင့် အခမဲ့တိုင်ပင်ဆွေးနွေးကုသပေးနိုင်ခဲ့ပါသည်။

(COVID-19 လူနာ = ၆၆,၂၆၁ ဦး + အထွေထွေရောဂါလူနာ = ၁၂,၅၄၈ ဦး)မြန်မာပြည်တစ်ဝှမ်း ကျေးလက်ရော မြို့ပြပါမကျန် တယ်လီကျန်းမာကို အားကိုးအားထားပြု၍ ဆွေးနွေးကုသမှုခံယူလျက်ရှိရာ …မြို့နယ်ပေါင်း (၂၉၈) မြို့နယ် ( မြန်မာနိုင်ငံမြို့နယ် စုစုပေါင်း၏ ၉၀.၃%) မှ လူနာများ ကုသမှုခံယူခဲ့ကြပါသည်။

ဆက်လက်၍လည်း အထွေထွေရောဂါကုဆရာဝန်များ၊ အထူးကုဆရာဝန်ကြီးများက လူနာများကို စေတနာအလျောက် အခမဲ့ဆွေးနွေးလမ်းညွှန်ကုသမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

တယ်လီကျန်းမာ၏ အခမဲ့အွန်လိုင်းဆေးခန်းများသို့ ပြသရန် …

  • (၁) ကြိုတင်ဘိုကင်ယူ၍ ဆေးခန်းပြသရန်အတွက် (https://m.me/telehealthmm) သို့ ဆက်သွယ်ပါ။
  • (၂) ချက်ချင်း ဆေးခန်းပြသနိုင်ရန်အတွက် (https://t.me/TelehealthMM) တွင် ပြသနိုင်ပါပြီ။

❗️ ဆေးခန်းဖွင့်ချိန် – နေ့စဥ် မနက် (၈) နာရီမှ ညနေ (၆) နာရီအတွင်းသာ

❤️ NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ ❤️

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးဌာနသို့ လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ ၂၄ ဧပြီ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ... ၂၄ ဧပြီ ၂၀၂၂