Telekyanmar Clinic Instruction ” တယ်လီကျန်းမာ တွင် ဆေးခန်းပြသခြင်း” (August, 2022)

သာမန်နှာစေးချောင်းဆိုးလေးတွေကအစ ရောဂါကြီးကြီးမားမားတွေအထိ ဆရာဝန်နဲ့ “အခမဲ့” ပြသဆွေးနွေးလိုတယ်ဆိုရင်…..

“တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်း “မှာ ဆွေးနွေးတိုင်ပင်လို့ ရပါပြီဆိုတဲ့အကြောင်းလေး ထပ်မံအသိပေးလိုပါတယ်နော်

ဆေးခန်းပြဖို့ဆိုတာလည်း အလွယ်လေးပါ…

” Messengerမှာ ဘိုကင်တင် ၊ Telegramမှာ ဆေးခန်းပြ ” လိုက်ရုံပါပဲ

Messengerကတော့ နေ့စဥ် နံနက်(၈)နာရီကနေ ညနေ(၆)နာရီနဲ့……ည(၈)နာရီကနေ ည(၁၀)နာရီအတွင်း အားလုံးကို လက်ခံဖြေကြားပြီး ဘိုကင်ယူပေးမှာပါ။
( ဘိုကင်ယူပြီးသွားရင်တော့ လူနာအမှတ်ရယ် ၊ ပြသရမယ့်အချိန်ရယ် ၊ ပြသရမယ့်ဆေးခန်းရဲ့ Telegram linkလေး ပေးလိုက်ပါလိမ့်မယ် )
….
….

ပြရမယ့်အချိန်မှာ Telegram linkလေးနှိပ်ပြီး လူနာအမှတ်ပေးပို့လိုက်ရင်တော့ ဆရာဝန်တွေက လူနာတွေကို နေ့စဥ် နံနက်(၈)နာရီမှ ည(၈)နာရီအကြား လက်ခံဆွေးနွေးကုသပေးသွားမှာပါ။

လူနာတစ်ယောက်ကို ၁၅မိနစ် တစ်ချိန်စာ လက်ခံဆွေးနွေးပေးသွားမှာမို့ ကိုယ် ဘိုကင်ယူထားတဲ့အချိန်အတိအကျတော့ ဝင်ရောက်ပြသပေးဖို့ လိုပါလိမ့်မယ်နော်။
( နောက်ကျသွားရင် တခြားလူနာရဲ့အချိန်ဖြစ်သွားပြီမို့ ဘိုကင်ပြန်ယူရမှာပါ….)


ဆေးခန်းပြပြီးတဲ့အခါ ရောဂါအခြေအနေအရ လိုအပ်လာခဲ့ရင် လူနာတွေကို အထူးကုဆရာဝန်ကြီးများဆီ ဆက်လွှဲပေးဦးမှာ ဖြစ်ပါတယ်။

တယ်လီကျန်းမာမှာ ကြည့်ရှုကုသပေးနေတဲ့ အထူးကုဆရာဝန်ကြီးတွေကတော့…

(၁) အထွေထွေရောဂါ အထူးကု သမားတော်ကြီးများ
(၂) အထွေထွေခွဲစိတ်ဆရာဝန်ကြီးများ
(၃) ကလေးအထူးကုဆရာဝန်ကြီးများ
(၄) သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ
(၅) အရိုးအထူးကုဆရာဝန်ကြီးများ
(၆) အရေပြားအထူးကုဆရာဝန်ကြီးများ
(၇) ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ
(၈) နှလုံးအထူးကုဆရာဝန်ကြီးများ
(၉) အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီးများ
(၁၀) အသည်းအထူးကုဆရာဝန်ကြီးများ
(၁၁) ကျောက်ကပ်အထူးကုဆရာဝန်ကြီးများ
(၁၂) ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီးများ
(၁၃) မျက်စိအထူးကုဆရာဝန်ကြီးများ
(၁၄) နား ၊ နှာခေါင်း ၊ လည်ချောင်းအထူးကုဆရာဝန်ကြီးများ
(၁၅) စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးများ
(၁၆) သွားနှင့်ခံတွင်းဆရာဝန်ကြီးများ
(၁၇) မျက်နှာနှင့် မေးရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများ
(၁၈) ဟော်မုန်းအထူးကုဆရာဝန်ကြီးများ
(၁၉) ကင်ဆာဆေးပညာအထူးကုဆရာဝန်ကြီးများ
(၂၀) အကြောအဆစ်အထူးကုဆရာဝန်ကြီးများ
(၂၁) ဆေးဝါးကျွမ်းကျင် ပညာရှင်များ
(၂၂) အကြောအဆစ်ပြန်လည်သန်စွမ်းရေး ပညာရှင်များပဲ ဖြစ်ပါတယ်

❤️ အထူးကုဆရာဝန်ကြီးများအပါအဝင် ဆရာ၊ ဆရာမများအားလုံးဟာ စေတနာနဲ့ “အခမဲ့” ကြည့်ရှုကုသပေးသွားမှာ ဖြစ်ပါတယ် ❤️

ဒါ့ကြောင့်…

သာမန်နှာစေးချောင်းဆိုးလေးတွေကအစ ရောဂါကြီးကြီးမားမားတွေအထိ ဆရာဝန်နဲ့ “အခမဲ့” ပြသဆွေးနွေးလိုတယ်ဆိုရင်…..

မမေ့နဲ့နော်…

” Messengerမှာ ဘိုကင်တင်
Telegramမှာ ဆေးခန်းပြ
….
အခမဲ့ ဆေးကုသ ” လို့ရတဲ့ တယ်လီကျန်းမာကို ဆက်သွယ်လိုက်ကြပါ 😊

ဆက်သွယ်ရန်
https://m.me/telehealthmm ) 

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

 ထုတ်ဝေသည့်နေ့စွဲ -- ၃ ဩဂုတ် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၃ ဩဂုတ် ၂၀၂၂