ကုလသမဂ္ဂအေဂျင်စီများနှင့်ဖွံ့ဖြိုးရေးမိတ်ဖက်များ

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ သည်ကုလသမဂ္ဂအေဂျင်စီများနှင့်ဖွံ့ဖြိုးရေးမိတ်ဖက်များ၏ကျန်းမာရေးစောင့်ရှောက်မှုဖွံ့ဖြိုးတိုးတက်မှုနှင့်UHC ရည်မှန်းချက်အတွက်စဉ်ဆက်မပြတ်ပံ့ပိုးကူညီမှုကိုအသိအမှတ်ပြုသည်။ 
 
လက်ရှိ နိုင်ငံရေး မငြိမ်သက်မှု ကာလအတွင်း ၌ လုပ်ဆောင်ဆဲဖြစ်သော ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်း များကို ငွေအင်အားနည်းပညာအရ ဆက်လက်ထောက်ပံ့ရန်အကြံ ပြုအပ်ပါသည်။ 
 
ပုဂ္ဂလိကကျန်းမာရေးဌာနများ၊ အန်ဂျီအိုများ၊ CSOs / CBOs, EHOs များအ‌နေနှင့်လည်းလက်ရှိကာလနိုင်ငံ၏ကျန်းမာရေးလုပ်ငန်းများကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက်အမျိုးသားညီညွတ်ရေးအစိုးရအနေနနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပါသည်။ 
 
မြန်မာနိုင်ငံ၏ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကူအညီများကိုပုဂ္ဂလိကကျန်းမာရေးဌာနများ၊ အဲန်ဂျီအိုများ၊ CSOs / CBO များ EHOs များအား‌ထောက်ပံ့ခြင်းဖြင့်ပြည်သူ့ဗဟိုပြုစီမံကိန်းများနှင့်လှုပ်ရှားမှုများကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်မည်ဖြးစ်သည်။     
 
အမျိုးသားညီညွတ်ရေးအစိုးရသည်ကုလသမဂ္ဂအေဂျင်စီများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့်နီးကပ်စွာပူးပေါင်းဆောင်ရွက် ပြီးနိုင်ငံအတွင်းအရည်အသွေးရှိသောကျန်းမာရေး ၀ န်ဆောင်မှုများပေးအပ်ရန်အဆင်သင့်ဖြစ်သည်။

နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၂၁ မေ ၂၀၂၁