COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၉-၇-၂၀၂၂)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ COVID-19 အသစ်ဖြစ်ပွားမှုသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာပါသည်။
အရှေ့တောင်အာရှဒေသတွင်း၌လည်း ဖြစ်ပွားမှု (၂၀) ရာခိုင်နှုန်းနှင့် သေဆုံးမှု (၁၆) ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ ပါသည်။
ယခုလက်ရှိ COVID-19 လူနာသစ်တွေ့ရှိမှု မြင့်တက်လာချိန်တွင် COVID-19 မျိုးရိုးဗီဇကွဲများဖြစ်သည့် B.A.5 နှင့် B.A.4 ဖြစ်ပွားနှုန်း များပြားလာခြင်းတို့ ဆက်စပ်မှု ရှိနေသည်ကို တွေ့ရပါသည်။
ပြည်သူလူထုအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
COVID-19 ကျန်းမာရေးပညာပေးများကို တစ်စုတည်းဖတ်ရှုရန်-
https://moh.nugmyanmar.org/coronavirus/
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
https://facebook.com/telehealthmm
ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၉ ဇူလိုင် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၉ ဇူလိုင် ၂၀၂၂