နှာခေါင်းစည်း (Mask) အမျိုးအစားများကို ရွေးချယ်ဝတ်ဆင်ခြင်း

*** ဆေးရုံသုံး နှာခေါင်းစည်း (Medical Mask) ကို ဝတ်ဆင်သင့်သူများ ***

၁။ ကုသရေးလုပ်ငန်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ

၂။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း စသည့် ရောဂါလက္ခဏာ ရှိသူများ

၃။ ကိုဗစ်-၁၉ ဆေးစစ်ချက်အဖြေ စောင့်ဆိုင်းနေသူများ (သို့မဟုတ်) ကိုဗစ်-၁၉ အတည်ပြုလူနာများ

၄။ ကိုဗစ်-၁၉ သံသယလူနာ (သို့မဟုတ်) အတည်ပြုလူနာကို ပြုစုစောင့်ရှောက်ပေးနေသူများ

၅။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပါက ရောဂါပြင်းထန်စွာခံစားရနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ခြေရှိသူများ- အသက် (၆၀) နှစ် နှင့်အထက် သက်ကြီးရွယ်အိုများ၊နာတာရှည်ရောဂါအခံရှိသူများ (နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်သူများ၊ ခုခံအားကျဆင်းနေသော လူနာများနှင့် ဆီးချိုရောဂါရှိသူများ)

*** အဝတ်နှာခေါင်းစည်း (Non-medical, Fabric Mask) ကို ဝတ်ဆင်နိုင်သူများ ***

၁။ နာတာရှည်ရောဂါအခံ မရှိသော အသက် (၆၀) နှစ်အောက် ပြည်သူများ

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Poster download လုပ်ရန် link https://www.mediafire.com/…/pirht4f…/mask_kind.JPEG/file

ထုတ်ဝေသည့်နေ့စွဲ -- ၇ ဂျုလိုင် ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၇ ဂျုလိုင်၂၀၂၁