ကမ္ဘာ့ဆီးချိုသွေးချို‌ရောဂါနေ့

ကမ္ဘာ့ဆီးချိုသွေးချို‌ရောဂါနေ့ ။

Access to Diabetes Care: If not now, when? “

ဆီးချို‌သွေးချိုရောဂါစောင့်ရှောက်ကုသရေးကို လက်လှမ်းမီရရှိအောင် ယခုပင် စတင်လိုက်ပါ”

• ဆီးချိုသွေးချိုရောဂါအတွက် အင်ဆူလင်ထိုးဆေးအသုံးပြုခြင်းမှာ နှစ် (၁၀၀) ပြည့်ပြီဖြစ်သော်လည်း ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ဆီးချိူသွေးချိုဝေဒနာရှင်များသည် ရောဂါအတွက် စောင့်ရှောက်ကုသမှုရရှိရန် လက်လှမ်းမမီဖြစ်နေကြဆဲ ဖြစ်သည်။

• ကမ္ဘာပေါ်တွင် အရွယ်ရောက်ပြီးသူ (၄၆၃) သန်း၌ ဆီးချိုသွေးချိုရောဂါရှိနေပါသည်။

• ဆီးချိုသွေးချိုရောဂါရှိသူ လေးပုံသုံးပုံကျော်မှာ ဝင်ငွေနည်းပါးသော (သို့မဟုတ်) ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများတွင် နေထိုင်နေကြပြီး ရောဂါရှိသူ (၂) ယောက်တွင် (၁) ယောက်မှာ ရောဂါရှိနေသည်ကို မသိကြပါ။

• ၂၀၁၉ ခုနှစ်တွင် ဆီးချိုသွေးချိုရောဂါကြောင့် သေဆုံးသူဦးရေ ၄.၂ သန်းခန့်ရှိသည်။

• ဆီးချိုသွေးချိုရောဂါသည် အလုပ်လုပ်နိုင်သော အရွယ်များတွင် အဖြစ်များပြီး ရောဂါရှိသူ ၅ ယောက်တွင် ၁ ယောက်မှာ အသက် ၆၅ နှစ်နှင့်အထက်ရှိကြောင်းတွေ့ရသည်။

• ၂၀၁၉ ခုနှစ်တွင် ဆီးချိုသွေးချိုရောဂါအတွက် အနည်းဆုံး ဒေါ်လာ ၇၆၀ ဘီလီယံ အသုံးပြုခဲ့ကြရပြီး ၎င်းမှာ ကမ္ဘာတဝှမ်း ကျန်းမာရေးအသုံးစရိတ်၏ ၁၀ % ဖြစ်သည်။ ထို့ကြောင့် ဆီးချိုသွေးချိုရောဂါသည် နိုင်ငံတစ်ခုချင်း၏ ဘဏ္ဍာငွေအမြောက်အမြား ထိခိုက်ဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။

• ဤသို့ဆိုးရွားလှသော ဆီးချိုသွေးချိုရောဂါကို ကုသရန်အတွက် အရေးအကြီးဆုံးအချက်မှာ ကောင်းမွန်မှန်ကန်သော ကျန်းမာရေးစောင့်ရှောက်ကုသမှုကို လမ်းလှမ်းမီရရှိနိုင်ရန် ဖြစ်သည်။ဆီးချိုသွေးချို‌ဝေဒနာရှင်များအတွက် အခြေခံလိုအပ်ချက်များ

(၁) အင်ဆူလင်ထိုးဆေးရရှိနိုင်ရန်
(၂) သောက်ဆေးများအမြဲမပြတ်ရရှိနိုင်ရန်
(၃) မိမိ၏ ရောဂါအခြေအနေကို ပုံမှန်ဆန်းစစ်သိရှိနိုင်ရန်အတွက် လိုအပ်သောပစ္စည်းများ (ဥပမာ- ဆီးချိုသွေးချိုတိုင်းစက်) လက်လှမ်းမီရရှိနိုင်ရန်
(၄) ဆီးချိုသွေးချိုရောဂါဆိုင်ရာပညာပေးနှင့် စိတ်ဓာတ်ခွန်အားပေးအစီအစဉ်များတွင် ပါဝင်နိုင်ရန်
(၅) ကျန်းမာစေသော အစားအစာများနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ရန် လုံခြုံကောင်းမွန်သောနေရာများ ရရှိနိုင်ရန်

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၁၄ နိုဝင်ဘာ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၄ နိုဝင်ဘာလ ၂၀၂၁