“World Hand Hygiene Day 2024” (May 2024)

ကမ္ဘာ့လက်သန့်ရှင်းရေးအထိမ်းအမှတ်နေ့၊ ၂၀၂၄ ခုနှစ်
World Hand Hygiene Day 2024

၂၀၂၄ ခုနှစ်၊ မေလ (၅) ရက်

လက်သန့်ရှင်းရေးအကြောင်း အသိပညာမျှဝေခြင်းဟာ ဘာလို့ အခုထိ အလွန်အရေးကြီးနေရတာလဲ?
Why is sharing knowledge about hand hygiene still so important?

ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးစောင့်ရှောက်တဲ့နေရာမှာ အန္တရာယ်ရှိ ပိုးမွှားတွေ ကူးစက်ပျံ့နှံ့တာကို ရပ်တန့်ဖို့အတွက် လက်သန့်ရှင်းတာက အကူအညီဖြစ်လို့ပါ။
Because it helps stop the spread of harmful germs in health care.

🧼 ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဆက်နွယ်သည့် ရောဂါကူးစက်မှုများသည် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အများဆုံးတွေ့ရလေ့ရှိသော မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးဖြစ်သည်။ သေစေနိုင်လောက်သော ရောဂါပိုး အဆိပ်တက်ခြင်း (Sepsis)၊ ဆေးရုံတွင်း ကူးစက်ဖြစ်ပွားသော နမိုးနီးယားအဆုတ်ရောင်ရောဂါနှင့် ခွဲစိတ်သည့်နေရာတွင် ရောဂါပိုး ကူးစက်ခြင်း စသည်တို့အားလုံးကို လက်သန့်ရှင်းရေး ပိုမိုလုပ်ဆောင်ခြင်းအားဖြင့် ကာကွယ်နိုင်ပါသည်။

🧼 ကျန်းမာရေးစောင့်ရှောက်မှုတွင် လက်သန့်ရှင်းမှုကို သင့်လျော်သည့်အချိန်၌ လုပ်ဆောင်ခြင်းသည် သန်းပေါင်းများစွာသော အသက်ကို နှစ်စဥ်ကယ်တင်နိုင်သည်။

🧼 လက်သန့်ရှင်းရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်မှု အသိပညာမျှဝေခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုတွင် အန္တရာယ်ပေးသော ပိုးမွှားကူးစက်မှုကိုရပ်တန့်ရန် အကျိုးရှိဆုံးနည်းလမ်းဖြစ်သောကြောင့် အလွန်အရေးကြီးသည်။

👏 ကမ္ဘာ့လက်သန့်ရှင်းရေးအထိမ်းအမှတ်နေ့၊ ၂၀၂၄ ခုနှစ်အတွက် အကြောင်းအရာ

လက်သန့်ရှင်းရေးအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်မှုအကြောင်းကို ဆန်းသစ်ပြီး အကျိုးသက်ရောက်မှုရှိသော ပညာပေးခြင်းနှင့် လေ့ကျင့်ပေးခြင်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်သူများ၏ အသိပညာနှင့် စွမ်းရည်ကို မြှင့်တင်ခြင်း

👏 ဆောင်ပုဒ်

လက်သန့်ရှင်းရေးအကြောင်း အသိပညာမျှဝေခြင်းဟာ ဘာလို့ အခုထိ အလွန်အရေးကြီးနေရတာလဲ?
Why is sharing knowledge about hand hygiene still so important?

ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးစောင့်ရှောက်တဲ့နေရာမှာ အန္တရာယ်ရှိ ပိုးမွှားတွေ ကူးစက်ပျံ့နှံ့တာကို ရပ်တန့်ဖို့အတွက် လက်သန့်ရှင်းတာက အကူအညီဖြစ်လို့ပါ။
Because it helps stop the spread of harmful germs in health care.

👏 ကမ္ဘာ့လက်သန့်ရှင်းရေးအထိမ်းအမှတ်နေ့၊ ၂၀၂၄ ခုနှစ်၏ ရည်ရွယ်ချက်များ

🔴 ကျန်းမာရေးစောင့်ရှောက်သူများကို လုပ်ငန်းခွင်၌ ပိုမိုကောင်းမွန်သော လက်သန့်ရှင်းရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်မှု အသိပညာ၊ ကျွမ်းကျင်မှုနှင့် အမူအကျင့်များကို မြှင့်တင်ပေးရန်အတွက် ဆန်းသစ်ပြီး ထိရောက်သော သင်ယူမှုနည်းလမ်းများ မြှင့်တင်ပါ။

🔴 ကျန်းမာရေးစောင့်ရှောက်သူများအတွက် ဆန်းသစ်သော လက်သန့်ရှင်းရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်မှု လေ့ကျင့်ရေး အရင်းအမြစ်များကို လက်လှမ်းမီနိုင်စေရေးအတွက် တိုးမြှင့်ဆောင်ရွက်ပါ။

🔴 ကူးစက်ရောဂါအမျိုးမျိုးကို ကာကွယ်ရန် လက်သန့်ရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ သင်ယူလိုက်နာကျင့်သုံးခြင်း အရေးကြီးပုံကို အသိပညာပေးပါ။

🔴 ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်နွယ်သည့် ရောဂါကူးစက်ခြင်းနှင့် ပဋိဇီဝဆေးယဥ်ပါးမှုတို့ကို ကာကွယ်ခြင်းအပေါ် အကျိုးသက်ရောက်မှုနှင့် လက်သန့်ရှင်းရေးအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်မှု စံနှုန်းများ၊ အလေ့အကျင့်များအကြောင်း လေ့ကျင့်သင်ကြားမှုနှင့် ပညာပေးခြင်း၏ အကျိုးသက်ရောက်မှုတို့ကို အကဲဖြတ်သုံးသပ်ဆန်းစစ်ခြင်းအား အားပေးပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

မှီငြမ်း
https://www.who.int/campaigns/world-hand-hygiene-day/2024

#nugmoh #WorldHandHygieneDay #WorldHandHygieneDay2024 #WHHD #WHHD2024 #Hand #Hygiene #Handwashing #Handwash #SAVELIVES #CleanYourHands #လက်ဆေးခြင်း #လက်သန့်ရှင်းရေး

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: May 5, 2024
Last updated: May 5, 2024