“Minister Dr. Zaw Wai Soe Attends World Health Summit 2024 in Melbourne, Australia” (April 2024)

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာ​ရေးထိပ်သီးအစည်းအဝေး၏ ဒေသတွင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေးပြောကြား

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ တွင် ဧပြီလ ၂၄ ရက်နေ့၌ “ပထဝီဝင်နိုင်ငံရေးနှင့် ကျန်းမာရေး – ကွဲပြားသောကမ္ဘာတွင် သာတူညီမျှမှုရရှိရေး” “Geopolitics and Health: Achieving equity in a divided world” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး World Health Summit သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးနှင့် ပညာရေးဌာနဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့သူများတွင် နယူးဇီလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ အုပ်ချုပ်ရေးမှူးဟောင်း Helen Clark ၊ သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ ကျန်းမာရေးနှင့် လူသားလုံခြုံရေး ပိုင်းဆိုင်ရာ အကြီးအကဲ Esperanza Martinez တို့လည်း ပါဝင်ခဲ့သည်။ ထိုအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက “အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူ့အသံကို နားထောင်ခြင်း၊ ရပ်ရွာထဲမှ အသံကို နားထောင်ခြင်း၊ နိုင်ငံ့အသံကို နားထောင်ခြင်း အစရှိသည်တို့ကို ကျင့်သုံးဖို့လိုအပ်ကြောင်း” ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: April 25, 2024
Last updated: April 25, 2024