#ရုန်းထွက်ဖို့ကတိပြုပါ
- ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်းကို လုံးဝ အစမပြုပါနှင့်။
- လူငယ်များနှင့် ကလေးငယ်များကို ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲခြင်း အစမပြုမိစေရန် ဝိုင်းဝန်း အကြံပေးတိုက်တွန်းကြပါ။
- လူကြီးများအနေဖြင့် ကလေးငယ်များရှေ့တွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးရွက်ကြီး ငုံခြင်း၊ ဆေးလိပ်နှင့် ကွမ်းယာများ ဝယ်ခိုင်းခြင်းနှင့် ကလေးငယ်များကို ဆေးလိပ်မီးညှိခိုင်းခြင်းများ သတိပြု ရှောင်ကြဉ်ပါ။
- မိမိကိုယ်တိုင် သုံးစွဲသူဖြစ်ပါက ဖြတ်ပါ။
- အခြားသုံးစွဲနေသူများကိုလည်း ဖြတ်နိုင်ရန် ကူညီပံ့ပိုးတိုက်တွန်းပေးပါ။
- ဆေးလိပ်သောက်သူများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေ ပိုများပြီး ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သည်။
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ ၃၁ မေ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၃၁ မေ ၂၀၂၁