World No Tobacco Day 2022 (May 31, 2022)

🚭 ကမ္ဘာ့ ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်ရေးနေ့၊ ၂၀၂၂ ခုနှစ်
World No Tobacco Day 2022 (May 31, 2022) 🚭

⚠️ ဆေးလိပ်နှင့် ဆေးရွက်ကြီး (သို့မဟုတ်) ကျွန်ုပ်တို့ ပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှုကြီး
Tobacco: Threat to our environment⚠️

ယခုနှစ် “ကမ္ဘာ့ ဆေးလိပ်၊ ဆေးရွက်ကြီး ကင်းစင်ရေးနေ့” ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများကို ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲခြင်း၏ အန္တရာယ်များ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးကုမ္ပဏီများက လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစံနှုန်းများ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု လျော့ကျရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆောင်ရွက်နေမှုများ၊ ကမ္ဘာ့နေရာအနှံ့အပြားမှ ပြည်သူများအနေနှင့် မိမိတို့၏ ကျန်းမာရေးနှင့် ကျန်းမာစွာနေထိုင်နိုင်ခွင့်များကို ရယူနိုင်ရန်နှင့် အနာဂတ်မျိုးဆက်သစ်များကို ကာကွယ်နိုင်ရန် လုပ်ဆောင်နိုင်သည့်အချက်များ စသည်တို့ကို အသိပေးလိုခြင်းဖြစ်ပါသည်။

💡 အဓိကသိရမည့် သတင်းစကား (၄) ခု (4 Key messages) 💡

(၁) ဆေးလိပ်နှင့် ဆေးရွက်ကြီးသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပါသည်။ (Tobacco harms the environment)

ဆေးလိပ်နှင့် ဆေးရွက်ကြီး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းများသည် ကျွန်ုပ်တို့၏ ရေထု၊ မြေထု၊ ကမ်းခြေများနှင့် မြို့ပြလမ်းမများကို ဓာတုပစ္စည်းများ၊ အဆိပ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများ၊ စီးကရက်ဖင်စီခံများနှင့် E – စီးကရက် စွန့်ပစ်ပစ္စည်းများဖြင့် အဆိပ်သင့်စေလျက်ရှိပါသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းများမှ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး စံပြုအချက်အလက်များကို ရေရှည်တည်တံ့ရေးပဏာမခြေလှမ်းများနှင့် သတင်းရေးသားထုတ်ပြန်မှုများတွင် အလှူငွေများထောက်ပံ့ခြင်းဖြင့် ၎င်းတို့ထုတ်ကုန်များ၏ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်ပျက်စီးနေစေမှုများထံမှ အာရုံလွှဲပြောင်းရန် ကြိုးပမ်းနေမှုများကို လက်မခံကြရန် တိုက်တွန်းထားပါသည်။

(၂) ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများအတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းများကို တာဝန်ယူဖြေရှင်းခိုင်းပါ။ (Make the tobacco industry clean up their mess)

ဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပြီး အကျိုးအမြတ်များ ရယူလျက်ရှိပါသည်။ ထိုကြောင့် ၎င်းတို့သည် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအတွက် တာဝန်ယူရန် လိုအပ်ပြီး စွန့်ပစ်ပစ္စည်းများနှင့် ပျက်စီးဆုံးရှုံးမှုများ (စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားသန့်ရှင်းရာတွင် ကုန်ကျသော ကုန်ကျစရိတ်များအပါအဝင်) အတွက် ပြန်လည်ပေးလျော်ရမည်ဖြစ်သည်။

(၃) ကျွန်ုပ်တို့၏ ကမ္ဘာကြီးကို ကယ်တင်နိုင်ရန် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကို ရပ်တန့်ပါ။ (Quit tobacco to save our planet)

စီးကရက်တစ်လိပ်သောက်တိုင်း (သို့မဟုတ်) ဆေးလိပ်နှင့် ဆေးရွက်ကြီးဆက်စပ်ပစ္စည်းတစ်ခု အသုံးပြုတိုင်းတွင် ကျွန်ုပ်တို့၏ ရပ်တည်ရှင်သန်ရန် မှီခိုနေရသော အဖိုးတန်အရင်းအမြစ်များကို ဖြုန်းတီးနေရပါသည်။

မိမိကိုယ်တိုင်နှင့် ကမ္ဘာမြေကြီး၏ ကျန်းမာရေးအတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကို ရပ်တန့်ပါ။

ဆေးလိပ်ငွေ့များသည် လေထုညစ်ညမ်းမှုကို မြင့်မားစေပြီး ကမ္ဘာ့လေထု၏ အပူချိန်မြင့်တက်စေသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကဲ့သို့သော (Greenhouse) ဓာတ်ငွေ့ (၃) မျိုးပါဝင်ပါသည်။

(၄) ဆေးရွက်ကြီး စိုက်ပျိုးသော တောင်သူများကို ရေရှည်တည်တံ့မည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် ကူညီပံ့ပိုးပေးပါ။ (Help tobacco farmers switch to sustainable crops)

အစိုးရတာဝန်ရှိသူများနှင့် မူဝါဒချမှတ်သူများအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဆေးရွက်ကြီးစိုက်ပျိုးထုတ်လုပ်မှုများ၏ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများကို လျော့ချနိုင်ရန်အတွက် ဆေးရွက်ကြီး စိုက်ပျိုးသော တောင်သူများကို သီးနှံများပြောင်းလဲစိုက်ပျိုးခြင်းအပါအဝင် ပိုမိုရေရှည်တည်တံ့နိုင်မည့် အခြားအလုပ်အကိုင်များ ပြောင်းလဲလုပ်ကိုင်နိုင်စေရန် ကူညီပံ့ပိုးပေးရမည်ဖြစ်သည်။

မှီငြမ်း
https://who.int/campaigns/world-no-tobacco-day/2022

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

  ထုတ်ဝေသည့်နေ့စွဲ -- ၃၁ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၃၁ မေ ၂၀၂၂