၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos-Horta နှင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ စက်တင်ဘာ (၂၁) ရက်နေ့၊ ဒေသစံတော်ချိန်ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် အရှေ့တီမောနိုင်ငံနှင့် လက်တွဲ၍ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များ၊ နိုင်ငံတကာ ထောက်ခံမှုရရှိရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos-Horta သည် လက်ရှိကျင်းပနေသည့် ၇၈ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင်လည်း မြန်မာ့အရေးကို အကျယ်တဝင့် ထည့်သွင်းပြောကြားခဲ့ကာ နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများကို ကူညီပေးကြရန် ညီလာခံ၌ တိုက်တွန်းခဲ့ပါသည်။
Source: RFA Burmese
(လက်ရှိကျင်းပနေသော ၇၈ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos-Horta က ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ပါဝင်သည့် မြန်မာ့အရေးကိစ္စရပ်များကိုလည်း ပူးတွဲဖော်ပြထားပါသည်)
Ministry of Health,
National Unity Government.






Published on: September 22, 2023
Last updated: September 22, 2023