NUG ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ KPICT အဖွဲ့နှင့်တွေ့ဆုံ၍ ဖက်ဒရယ်ကျန်းမာရေးကိစ္စရပ်များ ဆွေးနွေး

NUG ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ KPICT အဖွဲ့နှင့်တွေ့ဆုံ၍ ဖက်ဒရယ်ကျန်းမာရေးကိစ္စရပ်များ ဆွေးနွေး

၂၀၂၂ ခုနှစ်၊ မတ်လ (၁၂) ရက်

(၁၀-၃-၂၀၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် (၂း၀၀) နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံ၊ ကျန်းမာရေးဝန်ကြီးဌာန အထူးအကြံပေးနှင့် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်လွင်နှင့် တာဝန်ရှိသူများသည် Kachin Political Interim Coordination Team – KPICT အဖွဲ့နှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် KPICT အဖွဲ့ကြား လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသော ဖက်ဒရယ်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့တွင် ဆက်လက် လက်တွဲဆောင်ရွက်မည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးပညာသင်ကြားရေးကိစ္စရပ်များအပါအဝင် ဖက်ဒရယ်ကျန်းမာရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

Ministry of Health,

National Unity Government.

Published on: 12 March 2022
Last Updated: 12 March 2022