၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့သည် စက်တင်ဘာလ (၂၁) ရက်နေ့၊ နံနက်၊ နယူးယောက် စံတော်ချိန် (၁၁း၃၀) နာရီအချိန်တွင် The Elders အဖွဲ့၏ ဥက္ကဋ္ဌ နှင့် အိုင်ယာလန်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Ms Mary Robison၊ မွန်ဂိုးလီးယားနိုင်ငံ၏ သမ္မတဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ H.E. Mr Elbegdor Tsakhia၊ ကိုလံဘီယာနိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Mr Juan Manuel Santos အပါအဝင် The Elders မှ အခြားသော တာဝန်ရှိပုဂ္ဂိုလ်တို့အား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ အမြင်များ ဖလှယ်ကာ ဆွေးနွေးခဲ့ကြပါသည်။
Ministry of Health,
National Unity Government.


Published on: September 23, 2023
Last updated: September 23, 2023