“အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Mr. Derek Chollet နှင့် NUG ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး” (June 2023)

“အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Mr. Derek Chollet နှင့် NUG ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး”

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၅) ရက်

အမေရိကန်ပြည်ထောင်စု၏ မြို့တော်၊ ဝါရှင်တန်ဒီစီတွင် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Mr. Derek Chollet သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး အပါအဝင် ကိုယ်စားလှယ်များနှင့်အတူ ဆိုင်ကလုန်း မိုခါ (MOCHA) မုန်တိုင်းဒဏ်ခံရသူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများ စည်းလုံးညီညွတ်မှု အားကောင်းစေရေးဆိုင်ရာ လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Mr. Derek Chollet ၏ Twitter လူမှုစာမျက်နှာတွင် ဇွန်လ (၂၄) ရက်နေ့က ဖော်ပြပါရှိခဲ့ပါသည်။

Source: https://twitter.com/CounselorDOS/status/1672406005119066112

Ministry of Health,
National Unity Government.

Published on: 25 June 2023
Last updated: 25 June 2023