“Omega-3/ Fish Oil” (May 2023)

Omega-3 ငါးကြီးဆီတွေက ဖော့ပြားကိုလောင်စေတယ်၊ ပေါက်သွားစေတယ်ဆိုပြီး ပိုစ့်တွေတက်လာတော့ အတု/အစစ် ရှိတာလား စိတ်ပူနေသူများအတွက်…

Omega -3 ငါးကြီးဆီမှာ Non polarity ဆိုတဲ့ ဂုဏ်သတ္ထိရှိပါတယ်။

Non polarity ဆီ (ဥပမာ – ငါးကြီးဆီ/ သံလွင်ဆီ/ Canola ဆီ) တွေဟာ Non polarity ဖြစ်တဲ့ ဖော့ (Styrofoam) နဲ့ ထိတဲ့အခါ လောင်စေပြီး အပေါက်ဖြစ်သွားတာပါ။

ငါးကြီးဆီတွေရဲ့ ဖွဲ့စည်းပုံကလည်း Brand အလိုက်ကွာခြားမှုရှိပါတယ်။ Ethyl ester များများပါတဲ့ Omega 3 ဆိုရင်တော့ (ဖော့မှာ polystyrene ပါတာကြောင့်) တခြားငါးကြီးဆီထက် ပိုပြီး မြန်မြန်လောင်ကျွမ်းစေပါတယ်။

*** ဒါပေမယ့် လူခန္ဓာကိုယ်မှာ Polystyrene မပါတာကြောင့် စိတ်ချလက်ချ သောက်လို့ရပါတယ်…****

..

..

❗တစ်ခု သတိပေးချင်တာကတော့ Omega 3 ငါးကြီးဆီဟာ ဖြည့်စွက်စာ အားဆေးသာဖြစ်ပြီး၊ မိမိတို့ ပုံမှန်စားနေတဲ့ သဘာဝအစားအသောက် (ငါး/ Canola oil/ Chia seed/ ပဲ/ သစ်ကြားသီး) တွေမှာ ပါပြီးသားဖြစ်တာကြောင့် သက်သက်မသောက်လည်းရပါတယ်။

Reference : 📚

https: //vietnamnet. vn/en/fish-oil-dissolving-styrofoam-is-normal-health-ministry-E149744.html

https ://askthescientists. com/qa/why-does-the-oil-in-biomega-dissolve-styrofoam/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

Ministry of Health,

National Unity Government.

Published on: 2 May 2023

Last updated: 2 May 2023