“လူနာတစ်ဦး – ID တစ်ခု”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများကို ၂၀၂၁ ၊ ဇွန်လမှ စတင်ဖွင့်လှစ်ပြီး လူနာများအား လက်ခံကုသပေးလျက်ရှိပါသည်။ လက်ရှိအချိန်အထိ အထွေထွေရောဂါနှင့် ကိုဗစ်လူနာ စုစုပေါင်း (၇) သောင်းကျော်အား ကုသမှုပေးပြီး ဖြစ်ပါသည်။
ယခုအခါ တယ်လီကျန်းမာ၏ အွန်လိုင်းဆေးခန်းများတွင် ကုသမှုခံယူပြီး သက်သာပျောက်ကင်းသွားသော လူနာများမှ မိမိတို့၏ နီးစပ်ရာဆွေမျိုးမိသားစုဝင်များကိုပါ ဆက်လက်ပြသလိုကြကြောင်း သိရှိရပါသည်။
ထိုသို့ ပြသကုသမှုခံယူသည့်အခါ မိမိရရှိထားသော လူနာအမှတ် ID တစ်ခုတည်းဖြင့် ၊ အခြားမိသားစုဝင်များအား ဆေးခန်းပြရန် အဆင်မပြေနိုင်ပါ။
*ဖေ့ဘွတ်အကောင့် နောက်တစ်ခုဖြင့် ID အသစ် ထပ်မံပြုလုပ်ရန် လိုအပ်ပါသည်*
ဖေ့ဘွတ်အကောင့်မရှိသူ လူနာများအတွက် တယ်လီကျန်းမာ၏ messenger တွင် “Admin နှင့် စကားပြောမည်” ကို ရွေးချယ်၍ အကူအညီတောင်းခံနိုင်ပါသည်။ မိမိပြသနေသော ဆေးခန်းရှိ ဆရာဝန်များထံသို့လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
အထူးသတိပြုရန်မှာ…..
ဖေ့ဘွတ်အကောင့်မရှိဘဲ ID ပြုလုပ်ထားသူလူနာများအတွက် ဘိုကင်ဆေးခန်းများတွင် ကြိုတင်ရက်ချိန်းယူသည့်အခါ “Admin နှင့် စကားပြောမည်” ဆိုသည်မှတဆင့်သာ ကြိုတင်ရက်ချိန်းယူပေးကြပါရန်နှင့်
ဖေ့ဘွတ်အကောင့်ဖြင့် ID ပြုလုပ်ထားသူများမှာမူ ပုံမှန်အတိုင်း အလိုအလျောက်ဖြေကြားဆောင်ရွက်ပေးသည့် Messenger Bot မှတဆင့် လွယ်ကူလျင်မြန်စွာ ရက်ချိန်းရယူနိုင်ကြပါသည်။
ပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း ၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ…
NUG, MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ
တယ်လီကျန်းမာဆေးခန်းသို့ အခမဲ့ ပြသရန် (နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ) –https://m.me/telehealthmm
Ministry of Health,
National Unity Government.
Published on: 24 November 2021
Last Updated: 24 November 2021