မိဘပြည်သူများခင်ဗျာ
နွေဦးဆေးခန်းမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ဆွေးနွေးပြသဖို့အတွက် ဘိုကင်တင်ခြင်းနဲ့ အလှူငွေလှူဒါန်းခြင်းများကို နွေဦးဆေးခန်းရဲ့ Page Messengerမှာ အလွယ်တကူပြုလုပ်နိုင်ပြီဖြစ်ပါတယ်။
– အမည်
– အသက်
– email (သို့) gmail အကောင့်
– မိမိပြသလိုသော ဆရာဝန်
– နေ့ရက်နှင့်အချိန်……..စသည်တို့ကိုနွေဦးဆေးခန်း Page messengerမှာပေးပို့ပြီး ဘိုကင်တင်နိုင်ပါတယ်။
*** ပြည်တွင်းမှလူနာများ အလွယ်တကူ ဆေးခန်းပြသပြီး လှူဒါန်းနိုင်ရန်လည်း စီစဉ်ထားပါတယ် ***
နွေဦးဆေးခန်းတွင် ဆေးခန်းပြသရန်
( အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ )
အရိုး၊ အရွတ်၊ အကြောအဆစ်၊ ကြွက်သားဆိုင်ရာရောဂါများအတွက်
– ည ၈နာရီ မှ ည ၁၁နာရီအထိ
ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆိုင်ရာရောဂါများအတွက်
– မနက် ၈နာရီ မှ မနက် ၁၁နာရီအထိ
မိဘပြည်သူများ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေခင်ဗျာ
Ministry of Health,
National Unity Government.

Published on: 23 May 2022
Last Updated: 23 May 2022