“ဓာတ်ဆားရည် -ORS” (June 2023)

ရာသီဥတုက တအားပူတယ်။ ချွေးထွက်များရင် ဓာတ်ဆားရည် ပြန်‌သောက်နော်…

🗣️ ၀မ်းလျှောနေလို့ လူလည်း မျော့နေပြီ။ မအန်ဘူးမလား…..မအန်ရင် ၀မ်းလျှောသလောက် နောက်က ဓာတ်ဆားပြန်လိုက်သောက်လေ…

ဓာတ်ဆား… ဓာတ်ဆား..ဓာတ်ဆား.

ဓာတ်ဆားက ခုညဘက်ကြီး ၀ယ်လို့မလွယ်ဘူး… 🌚

– တစ်ယောက်တည်းနေတာ သွား၀ယ်ပေးမယ့်သူမရှိဘူး …😬

– တောထဲ ဓာတ်ဆားရဖို့မလွယ်ဘူး…😔

– နယ်က ဆေး၀ယ်ဖို့ခက်နေတယ်…🥺

– ပိုက်ဆံမရှိဘူး…😖

ဒီလို အရေးကြီး ဓာတ်ဆားကို ကိုယ့်အိမ်မှာကိုယ် အလွယ်တကူဖျော်စပ်နိုင်ဖို့ နည်းလမ်းလေး မျှဝေပေးပါ့မယ်။ ခုချိန်ခါမှာလည်း နေပူလို့၊ ၀မ်းပျက်၀မ်းလျှောလို့ ဓာတ်ဆားလိုအပ်ချက်တွေလည်း များနေမှာပဲ။

📝ကဲ….ဒါကြောင့် အိမ်မှာ ဘယ်လိုလေးဖျော်ကြမလဲ

ကြည့်ရအောင်နော်…

..

..

🍶 အိမ်တွင်း အလွယ်တကူ ဓာတ်ဆားဖျော်နည်းကတော့ … …

🥄သကြား – လက်ဖက်စားဇွန်း ၆ ဇွန်း

🥄ဆား – လက်ဖက်စားဇွန်း တစ်၀က်

🥛ရေကျက်အေး တစ်လီတာ (ရေသန့်တစ်လီတာဘူးစာ) နဲ့ ဖျော်စပ်ပြီး ပုံမှန် ဓာတ်ဆားတစ်ထုပ်ဖျော်စာအတိုင်း သောက်သုံးနိုင်ပါတယ်။

အရသာလေးပါချင်ရင် သံပုရာသီး (သို့) လိမ္မော်သီး အရည်ညှစ်ထည့်လို့ရပါတယ်။

..

..

အထူးမှာကြားချက်…

👶ကလေးအတွက်ဆို ဝမ်းလျှောတာအတွက်ပဲ အသုံးပြုပေးပါ။

🥄ဆားပမာဏကိုလည်း လက်ဖက်စားဇွန်း တစ်ဝက်ထက် လုံးဝ မများပါစေနဲ့။ ဆားပမာဏ များသွားရင် ကလေးအတွက် အန္တရာယ်ရှိပါတယ်။

.

🏋️ အားကစားသမားအတွက်ဆို ချွေးထွက်များခြင်းအတွက်

🥄သကြား – လက်ဖက်စားဇွန်း ၁၀ ဇွန်း

🥄ဆား – လက်ဖက်စားဇွန်းတစ်ဝက် ….. ပြောင်းလဲ ဖော်စပ် သောက်သုံးနိုင်ပါတယ်။

..

..

📝 သောက်ပုံသောက်နည်းကတော့…

🥛ချွေးထွက်များတဲ့သူတွေအဖို့ကတော့ ချွေးထွက်သလောက် နောက်ကလိုက်သောက်ပေါ့။

🥛 ၀မ်းလျှောတဲ့သူတွေအတွက်ကတော့…

👨‍🦱လူကြီးဆိုရင် ၀မ်းတစ်ခါလျှောတိုင်း တစ်ဖန်ခွက် (သို့) ဖန်ခွက်တစ်၀က် ပြန်သောက်ပါ။

👶 (၂) နှစ်အောက်ကလေးဆိုရင်တော့ ဖန်ခွက်ရဲ့ လေးပုံတစ်ပုံ (သို့) တစ်၀က်ကို ၀မ်းတစ်ခါသွားတိုင်းတိုက်ပါ။ တစ်မိနစ် တစ်ဇွန်းစနှစ်ဇွန်းစ ခွဲတိုက်ဖို့ လိုကောင်းလိုပါလိမ့်မယ်။

🚨အန်ရင် (၅-၁၀) မိနစ်လောက်နားပြီးမှ ပြန်တိုက်ပါ။

ဒီလောက်ဆိုရင်တော့ အိမ်မှာ ဓာတ်ဆားဖျော်နည်းနဲ့ အသုံးပြုနည်းကို အကြမ်းဖျဥ်း နားလည်သဘောပေါက်ကြပြီလို့ ယူဆပါတယ် 😍

Reference 📚

https://rethinksurvival.com/oral-rehydration-solution/….

❤️ NUG, MOH တယ်လီကျန်းမာ…လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#ORS#ဓာတ်ဆား

Ministry of Health,

National Unity Government.

Published on: 7 June 2023
Last updated: 7 June 2023